တောင်ကြီးဆေးရုံတွင် ၀မ်းရောဂါဖြစ်ပွားသည့် ကလေးလူနာများပြား

တောင်ကြီးဆေးရုံတွင် ၀မ်းရောဂါဖြစ်ပွားသည့် ကလေးလူနာများပြား

ဇူလိုင် ၅ ။              ။ တောင်ကြီးမြို့ဗဟိုအမျိုးသမီးနှင့် ကလေးဆေးရုံ၌ ယခုသီတင်းပတ်အတွင်း ဆေးဝါးကုသမှုခံယူနေသောကလေးအများစုမှာ ဝမ်းပျက်ရောဂါဖြစ်၍လာရောက်ကုသခံနေရ ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း လျှော့ကျသွားသော်လည်း လက်ရှိအခြေအနေတွင် ကလေးသူငယ်များမှာ ဝမ်းလျှောရောဂါဖြစ်နေကြောင်း ဆေးရုံပြင်ပလူနာဌာနက အတည်ပြုသည်။

 “အစောပိုင်း သွေးလွန်တုပ်ကွေးက အဖြစ်များခဲ့ပြီး နောက်ပိုင်း ဝမ်းရောဂါဖြစ်ပွားမှုပိုများလာတယ်“ တာဝန်ကျသူနာပြုဆရာမတစ်ဦးက ပြောသည်။  

တောင်ကြီးတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကလေး၂၀၀ခန့် သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သည်။

ဝမ်းရောဂါဖြစ်ပွားသော ကလေးအများစုမှာ လက်လုပ်လက်စား အလုပ်သမားမိသားစုအများ၏ ကလေးများဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly