မြောက်ကိုရီးယားကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကန်တို့ ပဲ့ထိန်းတပ်ဒုံးကျည် ပူးတွဲပစ်လွှတ်

မြောက်ကိုရီးယားကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကန်တို့ ပဲ့ထိန်းတပ်ဒုံးကျည် ပူးတွဲပစ်လွှတ်

ဆိုးလ်၊ ဇူလိုင် ၅ ။              ။ မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုကို ဗုဒ္ဓဟူးနေ့တွင် ပူးတွဲလုပ်ဆောင်ခဲ့ကြ သည်။

ပြီးခဲ့သောအင်္ဂါနေ့တွင် မြောက်ကိုရီးယားအစိုးရက ၎င်းတို့သည် ကမ္ဘာ့တိုက်ကြီးအချင်းချင်းကြား ပစ်လွှတ်နိုင် သော ပဲ့ထိန်းတပ်ဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအချင်းအရာကို တုံ့ပြန် သည့်အနေဖြင့် မဟာမိတ်နှစ်နိုင်ငံသည် ဂျပန်ပင်လယ်အတွင်းသို့ ဦးတည်၍ ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြပြီး တောင်ကိုရီးယားတို့၏ ဟွမ်မူး-၂၁ အမျိုးအစား ပဲ့ထိန်းတပ်ဒုံးကျည်နှင့် အမေရိကန်တို့၏ တာတိုပစ်ဒုံးကျည်စနစ်တို့ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ သိရသည်။

အဆိုပါဒုံးကျည်စမ်းသပ်မှုများကို တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကလည်း အင်္ဂါနေ့ကစမ်းသပ်ပစ်လွှတ်ခဲ့သော တိုက်ကြီးအချင်းချင်းကြား ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းတပ်ဒုံးကျည်သည် ကြီးမားသော နျူကလီးယားထိပ်ဖူးကို သယ်ဆောင်သွားနိုင်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ကေအဲန်စီအေက တင်ပြ ခဲ့သည်။

ထိုဒုံးကျည်စမ်းသပ်မှုအသစ်သည် ကင်မ်ဂျုံအန်းအစိုးရ၏ လက်နက်စနစ်အတွင်း အခက်အခဲတစ်ခုကို ကျော်လွှားသွားနိုင်ပြီဖြစ်ကြောင်း သတ်မှတ်နိုင်သလို ထိုလုပ်ဆောင်မှုအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ လည်း ထပ်မံပြစ်တင်ရှုံ့ချခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော မြောက်ကိုရီး ယားတို့၏ နျူကလီးယားလက်နက်စနစ်ကို ရပ်တန့်သွားအောင် ကမ္ဘာတစ်ဝန်းမှ အရေးယူကိုင်တွယ်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags