အိုင်အက်စ်ကို တိုက်ခိုက်ရန် အီရတ် တက္ကသိုလ်ကျောင်းများတွင် ပါမောက္ခဆရာများနှင့် ကျောင်းသားများ စစ်သင်တန်းဆင်းလေ့ကျင့်

အိုင်အက်စ်ကို တိုက်ခိုက်ရန် အီရတ် တက္ကသိုလ်ကျောင်းများတွင် ပါမောက္ခဆရာများနှင့် ကျောင်းသားများ စစ်သင်တန်းဆင်းလေ့ကျင့်

အိုင်အက်စ်အစွန်းရောက်အဖွဲ့အား တိုက်ခိုက်ရန်အတွက် အီရတ်တက္ကသိုလ်များရှိ ပါမောက္ခများ၊ ဆရာများနှင့် ကျောင်းသားများက စစ်ရေးလေ့ကျင့်သင်ကြားလျက်ရှိနေသည်။

နိုင်ငံတွင်းရှိ ဘာသာရေးအာဏာပိုင်အဖွဲ့အစည်းများက အိုင်အက်စ်တို့ကို တိုက်ခိုက်ရေးအတွက် တက္ကသိုလ်ကျောင်းများမှ ပါဝင်ကြရန် တိုက်တွန်းဆော်သြပြီးနောက် ယခုကဲ့သို့ ပါမောက္ခများ ၊ကျောင်းသား များက တိုက်ခိုက်ရေးပညာနှင့် လက်နက်အသုံးပြုခြင်း စစ်သင်တန်းများ သင်ကြားနေခြင်းဖြစ်သည်။

ဘဂ္ဂဒက်မြို့တွင်ရှိ ဆေးတက္ကသိုလ်တစ်ခုတွင် ဆရာနှင့် ကျောင်းသား ၂၅၀ ခန့် စစ်သင်တန်းတက်ရောက်လေ့ကျင့်နေသည့် ဓာတ်ပုံများကိုလည်း တွေ့ရသည်။

၂၀၁၄ ဇွန်လမှစကာ အီရတ်နိုင်ငံသို့ အိုင်အက်စ်တို့ ကျုးကျော်စစ်ဆင်ရေးများစခဲ့ပြီး မြောက်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုစစ်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အစွန်းရောက်အိုင်အက်စ်အဖွဲ့က ၎င်းတို့သိမ်းပိုက်ထားရာနယ်မြေများတွင် ရှီးယိုက်၊ ဆွန်နီ၊ ကာ့ဒ်နှင့် ခရစ်ယာန်များကို လူမဆန်စွာဆက်ဆံသည့် ရာဇဝတ်မှုများကို ကျုးလွန်လျက်ရှိသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly