မန်​ချက်စတာယူနိုက်တက်ထံမှ​​​ ထွက်​ခွာခ ​ပေါင်​သန်​း ၃၀ ဝိန်း​ရွန်​နီအလိုရှိ

မန်​ချက်စတာယူနိုက်တက်ထံမှ​​​ ထွက်​ခွာခ ​ပေါင်​သန်​း ၃၀ ဝိန်း​ရွန်​နီအလိုရှိ

ဇူလိုင် ၂၊ မန်ချက်စတာ။        ။ လက်ရှိနွေရာသီတွင် မန်ချက်စတာယူနိုက်တက်အသင်းထံမှ ပေါင် ၁၀ သန်းဖြင့်ထွက်ခွာမည်မဟုတ်ဟု ရွန်နီက အကြောင်းပြန်ထားသည်ဟု မယ်ရာသတင်းတွင် ဖော်ပြထားသည်။

အိုးထရက်ဖို့ဒ်မှ ပိုင်ရှင်များသည် အသင်း၏ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးကို ဂုဏ်ပြုနှုတ်ဆက်သည့် အနေဖြင့် ပေါင် ၁၀ သန်းပေးကာ အသင်းပြောင်းခွင့်ပြုချင်နေသည်ဟု the sun သတင်းတွင် ဖော်ပြထားသည်။

သို့သော် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်း ရောက်နေသည့် ရွန်နီက သုံးဆ လိုချင်နေသည်။ တစ်ပတ်ပေါင် သုံးသိန်းတန်စာချုပ်ကိုလည်း တစ်နှစ်သက်တမ်းထပ်တိုးလိုသည့် ဆန္ဒရှိနေသည်။

မော်ရင်ဟို၏ စီမံကိန်းတွင် မပါတော့သည့် ရွန်နီကို အဲဗာတန်၊ ဝက်စ်ဟမ်း၊ စတုခ်နှင့် တရုတ်ကလပ်များက အလိုရှိနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly