ရန်ကုန်၊ သြဂုတ် ၅ ။ ။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဆက်စပ်ပြီး ဆွေးနွေးမည့် ဆက်သွယ်ရေး အော်ပရေတာများ၏ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်မည့် Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲကို လာမည့် စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်များတွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဟု သတင်းထုတ်ပြန်သည်။
အဆိုပါ Myanmar Connect 2015 ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုလ်ဘိုင်း ဆက်သွယ်ရေး အော်ပရေတာအဖြစ် နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင် ရန်အတွက်ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများမှ အဆိုပြုလွှာများကိုလည်း တရားဝင်ဖိတ်ခေါ် ထားသည်။
၂၀၁၅ ဆွေးနွေးပွဲတွင် ဆက်သွယ်ရေးကဏ္ဍ၌ အမြတ်အစွန်း ရနိုင်မည့် အခွင့်အလမ်း အားလုံးကို လည်း ရှာဖွေဖော်ထုတ်ရန် တိုးချဲ့လုပ် ဆောင်မည်ဖြစ်သည်။
Myanmar Connect 2015 သည် မိုဘိုင်းကွန်ရက်လိုင်စင်ရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ ၊ အူရီးဒူး နှင့် တယ်လီနောတို့မှ အဓိက ကျသူများလည်း တက်ရောက်ကြမည်ဖြစ်သည်။