ညောင်တုန်းမြို့ရေတားတာ ကျိုးပေါက်မှုမရှိသေး၊ ဒေသခံ ၂၂၅၂ ဦးရွှေ့ပြောင်းထား

ညောင်တုန်းမြို့ရေတားတာ ကျိုးပေါက်မှုမရှိသေး၊ ဒေသခံ ၂၂၅၂ ဦးရွှေ့ပြောင်းထား

ရန်ကုန် သြဂုတ် ၅ ။         ။ ညောင်တုန်းမြို့ကို ကာရံထားသည့် ရေတားတာကြံခိုင်မှုနည်းသော်လည်း ကျိုးပေါက်ခြင်းမရှိသေးပဲ၊ ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံ ၂၂၅၂ဦးကို ကာကွယ်ရေး စခန်း ၁၄ခုသို့ ရွှေ့ပြောင်း ပေးထား ရကြောင်း ညောင်တုန်း သဘာဝဘေးအန္တရာယ်ကွပ်ကဲရေးရုံးမှ ဒေါ်အိကေခိုင်က သြဂုတ် ၅ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက "ရေက မနေ့ကလည်း ၂၅ ဒသမ  ၆ ရေ (စိုးရိမ်ရေမှတ် အထက်)ကတိုးလားမှုမရှိပါဘူး။ အခြေအနေမကောင်းဘူးဆိုတာကတာရဲ့ သက်တမ်းရယ်၊ ရေရဲ့အင်အားရယ်ကြောင့် စိုးရိမ်မှုရှိလို့ ကာကွယ် မှုတွေပြုလုပ်နေတာ။ တာကပေါက်တာ ကျိုးတာတော့ မရှိသေးပါဘူး" ဟု ဆိုသည်။

ရွှေ့ပြောင်းရသည့် အိမ်ထောင်စု ၅၃၄စုမှ မိသားစုဝင် ၂၂၅၂ဦးအတွက် ညောင်တုန်းမြို့ရှိ ဘုန်းကြီး ကျောင်း အစိုးရ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင် ၁၄ခုတို့တွယ် ကြိုတင်ကာကွယ်ရေးစခန်း များကို ဖွင့်လှစ်ကာ ပြောင်းရွေ့ပေးထားသည်ဟု သိရသည်။

သွန်းဘုရားကြီး ရေဘေးကာကွယ်ရေးစခန်း တာဝန်ခံ ဒေါ်စိုးစိုးက  "မနေ့ကတော့ ဆန် ၄ပြည်  (အိမ်ထောင်စု တစ်စု) တိုင်းအစိုးရကပေးတာရှိတယ်။ ကျန်းမာရေးအတွက် ဆေးတွေပေးတာရှိတယ်။ ကြိုတင်ကာကွယ် တာဖြစ်လို့ ရောဂါဖြစ်တာမရှိဘူး အားလုံးကလည်း စခန်းတွေမှာအမြဲ နေတာမဟုတ်ဘူး။ အသက်ကြီးသူ၊ ကလေးတွေပဲ လူလတ်ပိုင်းတွေက တာစောင့်ရှောက်ရေးနဲ့ သူတို့အိမ် ကိုနေ့ပြန်တယ် ညတော့ ဒီမှာအိပ်ကြတယ်" ဟု မဇ္ဈိကိုပြောသည်။

ညောင်တုန်းမြို့ သွန်းဘုရားကြီးစခန်းတွင်မူ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၅၃၄ စု၏ မိသားစုဝင် ၂၂၅၂ဦးမှ အိမ်ထောင်စု ၁၁စု၏ လူဦးရေ ၅၀ကို ကြိုတင်ကာကွယ်ရေးရွှေ့ပြောင်းပေးထားခြင်းဖြစ်သည်။

ရွှေ့ပြောင်းပေးထားရသူများ စားသောက်ရေးအတွက် လာရောက်လှူဒါန်းသည့် ထမင်းထုပ်၊ ကြာဇံ၊ခေါက်ဆွဲ ကြော်ထုပ်များဖြင့် အဓိကစားသောက်နေကြသည်ဟု စခန်းမှသိရသည်။ သြဂုတ်လ ၈ရက်အထိ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့တွင် စိုးရိမ်ရေအမှတ် ၂၄ ဒဿမ ၅၏ အထက် ၁ပေသို့ရောက်ရှိနေပြီး ညောင်တုန်းမြို့ကို ပတ်ကာရံထားသည့် တာ၏ကြံခိုင်မှုကလည်း ရေတိုးသဖြင့် စိုးရိမ်ရကာ ကြိုတင် ကာကွယ်မှုများကို သြဂုတ် ၄ရက်ကပင် စတင်ပြုလုပ်နေရခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ မိုဘိုင်းဖုန်းသုံးစွဲသူများကို "ညောင်တုန်းတာ စိုးရိမ်ရ ရွှေ့ပြောင်းရန်" ဟူသည့် စာတိုများကို သြဂုတ်လ ၅ရက် နံနက် ၉နာရီ ၄၈မိနစ်အချိန်တွင် ပေးပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly