ပေါင်​သန်​း ရ၀ တန်​​ကြေးသတ်​မှတ်​ထားသည်​့ ကီတာကို လီဗာပူးလ်​အသင်​း​ခေါ်ယူလို

ပေါင်​သန်​း ရ၀ တန်​​ကြေးသတ်​မှတ်​ထားသည်​့ ကီတာကို လီဗာပူးလ်​အသင်​း​ခေါ်ယူလို

ဇူလိုင် ၁၊ လီဗာပူးလ်။         ။ လီဗာပူးလ်အသင်းသည် ပေါင်သန်း ၇၀ တန်ကြေးသတ်မှတ်ခံထားရသည့် လိုက်ဇစ်ကွင်းလယ်ကစားသမား နာဘီ ကီတာကို ခေါ်ယူရန်ဆန္ဒရှိနေသည်။

အသက် ၂၂ နှစ်အရွယ် ဂီနီလက်ရွေးစင်ကစားသမားကို လက်ရှိနွေရာသီတွင်ရောင်းမည်မဟုတ်ဟု လိုက်ဇစ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရအပြီးတွင် ကြေညာထားသည်။

ပေါင်သန်း ၇၀ တန်ကြေးသတ်မှတ်ခံထားရသည့် ကီတာ၏စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင် ၄၈ သန်းဖြစ်သော်လည်း လာမည့်နွေရာသီမှသာ သက်ရောက်မည်ဖြစ်သည်။လီဗာပူးလ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီက လိဂ်ဂိုး ၈ ဂိုးရထားသည့် ကီတာကို ကမ်းလှမ်းရခြင်းမရှိသေးပေ။

သို့သော်နည်းပြကလော့ပ်က ကီတာကိုလွန်စွာသဘောကျနေပြီး လိုက်ဇစ်အသင်း၏ဆုံးဖြတ်ချက်ကို စမ်းသပ်ကြည့်ရန် ပြင်ဆင်နေသည်။ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့လာရောက်ကစားလိုခြင်းရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

လာမည့်တစ်ပတ်တွင်လီဗာပူးလ်အသင်းလေ့ကျင့်ခန်းပြန်စ၍ ကလော့ပ်ပြန်ရောက်လာပြီး အပြောင်းအရွှေ့ကိုအကောင်အထည်ဖော်ပါက ကလပ်စံချိန်တင်ဈေးနှုန်းဖြစ်လာနိုင်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly