ပါကစ္စတန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူပေါင်း ၂၇ ဦး သေဆုံး

ပါကစ္စတန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူပေါင်း ၂၇ ဦး သေဆုံး

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁ ။           ။ ပါကစ္စတန်နိုင်ငံတွင် မုတ်သုံအကြို မိုးသည်းထန်ခြင်းကြောင့် ပြီးခဲ့သည့် နှစ်ရက်တာအတွင်း သေဆုံးသူဦးရေသည် ၂၇ ဦး ရှိပြီး ပျောက်ဆုံးသူ လေးဦး ရှိသည်။

ဇွန် ၃၀ ရက်တွင် မိုးလေဝသအခြေအနေ ပြန်လည်ကောင်းမွန်ကြောင်း တာဝန်ရှိသူများက EPA သို့ ပြောသည်။

အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဓာတ်လိုက်ခြင်းနှင့် ရွံ့မံအိမ်များ ပြိုကျခြင်းများကြောင့် လူ ၁၂ ဦး သေဆုံးကြောင်း အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ မူခါတာအာမတ်က ဆိုသည်။

အနောက်ပိုင်း ဘာလူချီစတန်ပြည်နယ်က လာစဘီလာခရိုင်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၂၀ ပျက်စီးပြီး လူ ၁၂ ဦး ရေမျောကာ ရှစ်ဦးက ရေနစ်သေဆုံးပြီး ကျန်သူများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနယ်မြေဒေသတွင်း တစ်နေ့တာပတ်လုံး မိုးပြတ်တောင်းပြတ်တောင်း ရွာသွန်းမှုကြောင့် အဝေးပြေးလမ်းများ ပိတ်ထားရကာ ရေကြီးမှုများ ဖြစ်ပွားသည်။ ခိုင်ဘာပတ်ခါတန်ခါဝါပြည်နယ်တွင် အဝေးပြေးလမ်းကို ဖြတ်ကူးစဉ် ရေစီးနှင့် မျောကာ လူနှစ်ဦး သေဆုံးသည်။

နိုင်ငံ၏ စီးပွားရေးမြို့တော် ကရာချိတွင် ဓာတ်လိုက်သေဆုံးမှုနှင့် ရေနစ်သေဆုံးမှုများ ပိုဖြစ်ပွားကြောင်း ဒေသရဲဌာန ပြောခွင့်ရသူ ကာဆင်အာမတ်က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags