အောင်လအန်ဆန် ကမ႓ာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဖြစ်လာ

အောင်လအန်ဆန် ကမ႓ာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဖြစ်လာ
(ဓာတ်ပုံ - အီးပီအေ)

ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်းတွင် ယနေ့၊ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ကျင်းပခဲ့သည့် One Championship မစ်ဒယ်ဝိတ်တန်းတွင်  မြန်မာနိုင်ငံသား ကချင်လူမျိုး အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်)ကို အနိုင်ယူ၍ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။

အဆိုပါပွဲစဉ်  ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင်  အောင်လအန်ဆန်က ၅ ချီမြောက်တွင် အမှတ်ဖြင့် အနိုင်ရယူခဲ့ခြင်းဖြစ်ပြီး ရုရှား နိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်သည် MMA ပြိုင်ပွဲများတွင် ပထမဦးဆုံး ရှုံးပွဲ ကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။

ယခင်က အောင်လအန်ဆန်သည် ကမ္ဘာ့ ချန်ပီယံ Vitaly Bigdash (ဗစ်တာလီဘစ် ဒက်ရှ်)ကို ပထမအကြိမ်က ဒိုင်၏အဆုံး အဖြတ်နှင့်ရှုံးနိမ့်ခဲ့ရပြီး ယခုအခေါက် မကျေပွဲထိုးသတ်ရာတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါပြီ။ မိသားစု၊ ကျွန်တော့ရဲ့ အဖွဲ့သားတွေအပြင် မြန်မာပြည်က အားပေးမှု၊ ချစ်ခင်မှုတွေမရှိရင် ဒါကို မရရှိနိုင်ပါဘူး။ ကျွန်တော် အရမ်းချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ "ဟု အောင်လအန်ဆန်က ပြောသည်။

ရုရှားနိုင်ငံ Rostov-on-Don မှ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်)သည် ၂၀၁၅ ခုနှစ် ONE Championship တွင် ပထမဆုံးပွဲဦးထွက်ခဲ့ကာ Igor Svirid ကို တိုက်ခိုက်ထိုးသတ်ခဲ့နိုင်ခဲ့ပြီး  မစ်ဒယ်ဝိတ်တန်း ချန်ပီယံနေရာကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံသား ကချင်လူမျိုး အောင်လအန်ဆန်သည် ယနေ့ ယှဉ်ပြိုင်ထိုးသတ်မှုအပြီးမှာ မြန်မာနိုင်ငံမှနေ၍ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly