နိုင်ငံခြားသား လုပ်သားတွေ ဘာကြောင့် ပေါများလာတာလဲ

နိုင်ငံခြားသား လုပ်သားတွေ ဘာကြောင့် ပေါများလာတာလဲ

YOPE သူငယ်ချင်းတို့ မင်္ဂလာပါ။ မြန်မာနိုင်ငံက ပွင့်လင်းမြင်သာပြီးတော့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှာ နိုင်ငံခြားသားတွေ အမြောက်အများ ဝင်ရောက်လုပ်ကိုင်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ပညာတတ်တွေ ပေါများနေပါလျက်နဲ့ ဘာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ ပေါများနေတာလဲဆိုတာကို ကျွန်တော်သူငယ်ချင်းတွေကို လိုက်မေးကြည့်လိုက်ပါဦးမယ်။

ဒီ အခြေခံမှာသင်လာတဲ့ ပညာရေးနဲ့ အပြင်မှာသင်ထားတဲ့ ပညာရေးက မတူလို့လည်း ဖြစ်မှာပေါ့ခင်ဗျ။

 

 

 

ကျွန်တော်ဆိုရင်လည်း အင်ဂျင်နီယာ ကျောင်းဆင်းတစ်ယောက်ပဲ ဒါပေမယ့် ကျောင်းမှာက လက်တွေ့လုပ်ငန်းတွေ မလုပ်ခင် အပြင်မှာ အများကြီး ပြန်သင်နေရတယ်။

 

 

 

ဒီနိုင်ငံက ပညာတတ်တွေဆိုရင်လည်း နိုင်ငံခြားမှာ သွားပြီးတော့ ကျောင်းတက်ကြတာ များတယ်လေ။ အဲဒါတွေအတွက်ကြောင့်လည်း ပါတယ်ပေါ့နော်။ မြန်မာနိုင်ငံကလူတွေက ကျောင်းသွားတက်တော့ မြန်မာနိုင်ငံမှာက ပညာတတ်တွေက နည်းနည်း လစ်ဟာနေပြီလေ။ အဲတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တခြားနိုင်ငံက တော်တဲ့တတ်တဲ့လူတွေကို ခေါ်ကြတာ များတယ်။

 

 

 

မြန်မာနိုင်ငံသားတွေက ကျွမ်းကျင်လုပ်သား နည်းတယ်။ ရာထူးအကြီးပိုင်းတို့ အဲသလိုမျိုး ကျွမ်းကျင်တဲ့နေရာမှကျတော့ လိုအပ်တယ်။

 

 

 

 

ပညာရေးစနစ်ထဲမှာဆိုရင် ကိုယ်တွေ့လုပ်ရတဲ့အပိုင်းတွေက နည်းနေတယ်။ စာတွေ့ပဲ သင်ပေးတယ်လို့တော့ ကျွန်တော်ထင်တယ်။

 

 

 

 

မတူနိုင်ဘူးပေါ့။ အရည်အချင်းတွေက။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက အခုမှ ဖွံ့ဖြိုးဆဲပဲ ရှိသေးတယ်ပေါ့နော်။

 

 

 

 

ပြည်ပမော်ဒယ်နဲ့ ပြည်တွင်းမော်ဒယ်ဆို ဘာတွေကွာလဲဆိုတော့ အရမ်းကွာတယ်။ တချို့ကျတော့ ဒီလို အလုပ်လုပ်တဲ့နေရာမှာကျတော့ ရင်းနှီးမှုတို့၊ ပြုံးတာတို့၊ နောက် ရဲတင်းတာပေါ့နော် အဲလိုမျိုးတွေ အရမ်းကွာတယ်။ ဒီမှာက တချို့နေရာတွေမှာ ရှက်တာတို့ရှိတယ်။

 

 

 

ကျွန်တော်သူငယ်ချင်းတွေကတော့ သူတို့ရဲ့အမြင်တွေကို အခုလိုပဲ ပြောပြသွားခဲ့ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ကလည်း သူငယ်ချင်းတို့ရဲ့ အမြင်တွေကို ပြောပြချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ YOPE Website မှာ လာပြီးတော့ Share ခဲ့ပေးပါဦး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags