၀ီှးချဲစီးခရီးသည်ကို အကူအညီမပေးဘဲ လေယာဉ်လှေကားပေါ် တွားသွားတက်ခိုင်းခဲ့သည့် ဂျပန်လေကြောင်းလိုင်း ဝေဖန်ခံခဲ့ရ

၀ီှးချဲစီးခရီးသည်ကို အကူအညီမပေးဘဲ လေယာဉ်လှေကားပေါ် တွားသွားတက်ခိုင်းခဲ့သည့် ဂျပန်လေကြောင်းလိုင်း ဝေဖန်ခံခဲ့ရ

ဇွန် ၂၈ ။                  ။ ဝှီးချဲသုံးနေရတဲ့ ခြေထောက်မသန်သူ အမျိုးသားခရီးသည်တစ်ဦးကို အကူအညီမပေးဘဲ လေယာဉ်ပေါ် တွားသွားတက်ခိုင်းခဲ့တဲ့ ဂျပန်လေကြောင်းလိုင်းတစ်လိုင်း အပြင်းအထန် ဝေဖန်ခံခဲ့ရပြီးနောက် ယခုအခါ ဇွန်လ ၂၈ ရက်မှာပဲ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ပြန်လည်တောင်းပန်သွားခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်ရှိ ဟိုင်ဒီတို ကိုင်ဂျီမာ ဆိုသူ ခရီးသည်အမျိုးသားဟာ ယခုလအစောပိုင်းက နိုင်ငံတောင်ပိုင်းက အမာမီဆိုတဲ့ ကျွန်းငယ်တစ်ခုကို အလည်သွားပြီး အိုဆာကာမြို့က အပြန်မှာ ယခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

၎င်းဟာ Vanilla Air လေကြောင်းလိုင်းက အမှုထမ်းတစ်ဦးက ၎င်း လေယာဉ်လှေကားပေါ်တက်ရာမှာ အကူအညီပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ တကယ့်လို ကိုယ့်သာသာ လေယာဉ်ပေါ် မတက်နိုင်ဘူးဆိုရင်တော့ ဒီလေယာဉ်နဲ့ လိုက်လို့ရမှာမဟုတ်ဘူးလို့လည်း အဆိုပါ အမှုထမ်းက ၎င်းကို ပြောခဲ့သေးတယ်လို့လည်း သိရပါတယ်။

All Nippon Airways ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အဆိုပါလေကြောင်းလိုင်းဟာ ယခင်ကလည်း ၎င်းလိုမျိုး အလားတူ ကိုယ်လက်မသန်စွမ်းသူ ခရီးသည်တွေကို အကူအညီပေးဖို့   ငြင်းဆန်ထားခဲ့ တယ်လို့လည်း  သိရပါတယ်။

ခါးလယ်အောက်ပိုင်းမှာ အကြောသေဝေဒနာခံစားနေရတဲ့ ကိုင်ဂျီမာဟာ လေယာဉ်ပေါ်တက်ရာမှာ အမှုထမ်းတွေရဲ့ အကူအညီပေးခြင်းမခံရဘဲ သူ့ဘာသာ လက်ကိုအားပြုပြီး အဆင့်ပေါင်း ၁၇ ဆင့် အထိရှိတဲ့ လှေကားပေါ် ကြိုးစားပမ်းစားတက်ခဲ့ရတယ်လို့ သိရပါတယ်။

" သူ့အတွက် တကယ့်ကို ဒုက္ခတွေ့စေခဲ့တဲ့အတွက် ကျွန်တော်တို့ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်" လို့ ယခုအခါမှ အဆိုပါ လေကြောင်းလိုင်းကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags