ရီးယဲလ်နောက်ခံလူပီပီနှင့် ပီအက်စ်ဂျီအသင်းတို့ ဆွေးနွေးနေ

ရီးယဲလ်နောက်ခံလူပီပီနှင့် ပီအက်စ်ဂျီအသင်းတို့ ဆွေးနွေးနေ

ဇွန် ၂၈၊ စပိန် ။           ။ ရီးယဲလ်နောက်ခံလူ ပီပီနှင့် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းတို့ ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။

လက်ရှိအချိန်တွင် ပေါ်တူဂီအသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်နေသည့် အသက် ၃၄ နှစ်အရွယ်ရှိ ပီပီသည် ယခုလအကုန်တွင် ရီးယဲလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

ပီပီကို တူရကီကလပ် ဘီဆစ်တပ်စ်အသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေပြီး တစ်နှစ်စာချုပ်သက်တမ်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားသည်။

ပီပီသည် ရီးယဲလ်အသင်းတွင် ၁၀ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလားသုံးကြိမ်နှင့် လာလီဂါဖလားသုံးကြိမ် ရယူနိုင်ခဲ့သည်။

ပီပီက လက်ရှိသူ၏အနာဂတ်မှာ နိုင်ငံလက်ရွေးစင်အသင်းသာဖြစ်ကြောင်းနှင့် ပေါ်တူဂီအသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားကို ရယူလိုကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags