ရီးယဲလ်တွင် အမ်ဘတ်ပီကို နေရာပေးရန် ခက်ခဲသည်ဟု ဖလော်ရင်တီနိုပီရက်ဇ်ပြော

ရီးယဲလ်တွင် အမ်ဘတ်ပီကို နေရာပေးရန် ခက်ခဲသည်ဟု ဖလော်ရင်တီနိုပီရက်ဇ်ပြော

ဇွန် ၂၈၊ စပိန် ။           ။ နည်းပြဇီဒန်းက စိတ်ဝင်စားနေသော်လည်း ရီးယဲလ်တွင် အမ်ဘတ်ပီကို နေရာပေးရန် မလွယ်ကူကြောင်း ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ပြောသည်။

အသက် ၁၈ နှစ်သာ ရှိသေးသည့် အမ်ဘတ်ပီသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းကို ပြင်သစ်လိဂ်တွင် ချန်ပီယံဖြစ်အောင် အဓိကနေရာက ခြေစွမ်းပြကူညီပေးခဲ့သည့်အတွက် ဥရောပထိပ်သီးကလပ်များက ခေါ်ယူလိုလျက်ရှိနေကြသည်။

ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ‘အမ်ဘတ်ပီက ကစားသမားကောင်းပါ။ သူ့အကြောင်းကို ကျွန်တော်တို့ တွေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အသက်က ရီးယဲလ်မှာ ပွဲထွက်ခွင့်ရမယ်လို့ အာမခံချက်ပေးဖို့ ခက်ပါတယ်။

အသက် ၁၈ နှစ်နဲ့ ရီးယဲလ်အတွက် ကစားရတဲ့ကစားသမားက အများကြီးမရှိပါဘူး။ နည်းပြဇီဒန်းက သူ့ကိုကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ရှည်ရပါမယ်’ ဟု ပြောဆိုခဲ့သည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းအတွက် ၄၄ ပွဲကစားပြီး ၂၆ ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ ၎င်း၏မိုနာကိုနှင့် လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ ခုနှစ်အထိ ရှိနေသေးသည်။ မိုနာကိုအသင်းက အမ်ဘတ်ပီအတွက် ပေါင်သန်း ၁၂၀ ဈေးသတ်မှတ်ထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly