လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံအဖြစ် တရုတ်အား အမေရိကန်က စာရင်းသွင်း

လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံအဖြစ် တရုတ်အား အမေရိကန်က စာရင်းသွင်း

ဝါရှင်တန်၊ ဇွန် ၂၈ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ တရုတ်အား လူ့အခွင့်အရေးစံနှင့် ပတ်သက်ပြီး ထိုးနှက်ချက်အဖြစ် ကမ္ဘာ့အဆိုးဆုံးလူကုန်ကူးမှုစာရင်းတွင် ဆူဒန်နှင့် မြောက်ကိုရီးယားတို့နှင့်အတူ တရုတ်အား ထည့်သွင်းသတ်မှတ်လိုက်သည်။

လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှုများတွင် ပေကျင်းက စွမ်းဆောင်မှု နည်းပါးသည်ဆိုကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ပတ်လည်လူကုန်ကူးမှုအစီရင်ခံစာတွင် တရုတ်အား အဆင့်လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်ပိုင်းက မွတ်စလင်လူနည်းစု ဝီဂါတိုင်းရင်းသားများကို အတင်းအကြပ် အလုပ်ခိုင်းစေခြင်းနှင့် မြောက်ကိုရီးယားမှ လူအစုလိုက်အား လူကုန်ကူးခံရသူများ ဟုတ်မဟုတ် စစ်ဆေးခြင်း မရှိဘဲ နေရပ်ပြန်ပို့ခြင်းတို့ကို ယင်းအစီရင်ခံစာတွင် ထောက်ပြထားသည်။

ပေကျင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အနည်းငယ်သော စံနှင့်တောင် ပြည့်မီခြင်း မရှိသကဲ့သို့ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းလည်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ တရုတ်အား လူကုန်ကူးမှုတွင် အဆိုးဆုံးတစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းသည် ကုန်သွယ်ရေးကဏ္ဍနှင့် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းတို့တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက် လို၍ ဝေဖန်ပြောဆိုမှုများကို ရှောင်ကြဉ်လျက်ရှိသော သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် ပထမဆုံး သိသိသာသာ အပြစ်ဆိုဝေဖန်မှုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags