ချောက်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နိုင်၍ ရပ်ကွက်အချို့ပြောင်းရွှေ့

ချောက်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နိုင်၍ ရပ်ကွက်အချို့ပြောင်းရွှေ့

သြဂုတ် ၄ ။         ။ မကွေးတိုင်း ၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်၍ ရေဝင်ရပ်ကွက်များဖြစ်သည့် အချို့ ရပ်ကွက်များမှ အိမ်ထောင်စုများ ကိုဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ကြသည်ဟု သိရသည်။

ရေဝင်  ရပ်ကွက် အချို့သည် သက်ဆိုင်ရာ ဓမ္မာရုံ၊ အလုပ်သမား ရိပ်သာ၊ မြို့နယ်ဘောလုံးကွင်းစသည့် နေရာများသို့ သြဂုတ် ၄ ရက်က ပြောင်းရွှေ့ခြင်းဖြစ်သည်။ ယင်းအပြင် ကျွဲနွားများကို လည်းဘေး လွတ်ရာ နေရာများသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ အတွင်း ဧရာဝတီမြစ်ရေသည် သြဂုတ် ၄ ရက် နေ့လည် (၁၂:ဝဝ) နာရီ တိုင်းထွာချက်အရ (၁၄၄၂)စင်တီမီတာ (၄၇.၂၇ )ပေ ရောက်ရှိနေပြီး  အဆိုပါမြစ်ရေသည် (၂၄ )နာရီအတွင်း ချောက်မြို့နယ်၏ စိုးရိမ်ရေအမှတ်သို့ကျော်လွန်ရောက် နိုင်ပါသဖြင့်  မြစ်ကမ်းအနီးနှင့် မြေနှိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Source :  မြို့နယ်ပြန်/ဆက် (ချောက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly