အီတလီဂိုးသမား ဆီရီဂူး PSG မှ ထွက်ခွာပြီး တိုရီနိုသို့ ပြောင်းရွှေ့

အီတလီဂိုးသမား ဆီရီဂူး PSG မှ ထွက်ခွာပြီး တိုရီနိုသို့ ပြောင်းရွှေ့
(ဓာတ်ပုံ - အီးပီအေ)

တိုရီနိုအသင်းဟာ PSG ဂိုးသမား ဆီရီဂူးကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အီတလီကလပ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အီတလီလက်ရွေးစင် ဂိုးသမားကို ခေါ်ယူစာချုပ်ခဲ့တယ်လို တိုရီနိုအသင်းက အတည်ပြုထားခဲ့ကြောင်း ကြေညာချက်တစ်စောင်ကို ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသက် ၃၀ နှစ်အရွယ် ဂိုးသမားဟာ တနင်္လာနေ့က နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီမှုအရ PSG အသင်းနဲ့ ၎င်းစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တိုရီနိုအသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က PSG အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆီရီဂူးဟာ အသင်းနဲ့အတူ ပြင်သစ်လိဂ် အမှတ်ပေးဖလား ၄ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နှင့် ပြင်သစ်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက သူဟာ လာလီဂါအသင်းတွေဖြစ်တဲ့ ဆီဗီလာနှင့် အိုဆာဆူနာအသင်းတွေဆီက အဌားချခံခဲ့ရပြီး ပထမဂိုးသမားနေရာအတွက်တော့ အရေးမပါခဲ့တဲ့ကြောင့် မပျော်ရွှင်ခဲ့ပါဘူး။

အီတလီဂိုးသမားဟာ ဆီဗီလာမှာ ၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဇန်နဝါရီလမှာ အိုဆာဆူနာအသင်းဆီ ပြောင်းရွှေခဲ့ပေမယ့် အသင်းကို တန်းဆင်းဇုံအတွင်းက လွတ်မြောက်ဖို့ မကယ်တင်နိုင်ခဲ့ပါဘူး။

တိုရီနိုအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly