အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ခါဘာ ဆက်လက်ဦးဆောင်

အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ခါဘာ ဆက်လက်ဦးဆောင်
ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ဇွန်လ ၂၆၊ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ရမှတ် ၆,၉၆၅ နဲ့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

ဒီတပတ်မှာတော့ ဒိန်းမတ်တင်းနစ်မယ် ကယ်ရိုလိုင်း ဝိုဇ်နီယာကီဟာ အဆင့် ၂ ဆင့် ခုန်တင်ကာ နံပါတ် ၆ နေရာကို ရောက်ရှိလာသလို ရုရှားရဲ့ ကက်ခ်နက်ဇီဗာဟလည်း အဆင့် ၁ ဆင့်မြင့်တက်ကာ နံပါတ် ၈ နေရာမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆလိုဗက်ကီးယားမှ  ဒိုမီနီကာ ဆက်ဘလူးကိုဗာဟာ အဆင့် ၃ ဆင့်ထိ ကျဆင်းသွားကာ နံပါတ် ၉ နေရာကို ရောက်သွားပါတယ်။

ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာ ဟာလက်ပ်က နံပါတ် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ၎င်းရဲ့နောက်မှာ ချက်တင်းနစ်မယ် ပလစ်ဆကိုဗာ ရှိနေပါတယ်။ အခြားထိပ်ဆုံး အဆင့် ၁၀ အတွင်းမှာ နေရာမှာတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၆,၉၆၅
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၈၅၀
၃) ပလစ်ဆကိုဗာ (ချက်) ၆,၃၈၆
၄) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၄,၈၁၀
၅) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၇၆၅  
၆) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၃၄၅
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၃၂၅
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၃၁၀
၉)  ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၀၁၀
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၈၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly