ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကား၏ ကြော်ငြာပိုစတာ ပုံတူရိုက်ပြိုင်ပွဲ

ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကား၏ ကြော်ငြာပိုစတာ ပုံတူရိုက်ပြိုင်ပွဲ

ရန်ကုန်၊ ဇွန် ၂၇ ။           ။ ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကား အတွက် ကြော်ငြာ ပိုစတာ ပုံတူရိုက်ပြိုင်ပွဲ အစီအစဉ်လုပ်ရန် Sense Film Productionက စီစဉ်နေသည်။

ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သြရသမှ ပုံဖော်ထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ကျော်ကျော်၊ ဂျိုကာ၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ နန်းခင်ဇေယျာ၊ ပိုပိုတို့မှ ပါဝင်သရုပ်ဆောင်ထားကြသည်။

ထို ရုပ်ရှင်ဇာတ်ကား ကြော်ငြာပိုစတာ ဒီဇိုင်း နမူနာကို ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကား ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြပေးထားပြီး ဒီဇိုင်းနမူနာတွင် အောင်သူလွင်(Kelvin Kate)၊ အောင်မိုးဦး၊ ငြိမ်းချမ်းထက်အောင်( ကျွန်တော် ..... ချောလား )၊ မစ်ကီ နှင့် လုလုအောင် တို့မှ ပါဝင် ပုံဖော် ပေးထားကြသည်။

ပြိုင်ပွဲအတွက် ချီးမြှင့်မည့် ဆုများမှာ 7 Sense Film Production မှ ငွေကျပ် ၅သိန်း ၊ Ve Ve မှ ငွေကျပ် ၅သိန်း ၊  စိန်နန်းတော် မှ 18K white gold ဆွဲသီး ၃ ခု ၊  D&C ဖိနပ် ၅ ရံ ၊ Superior Clothing မှ Trend Jacket ၅ ထည် ၊  ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားအား အနုပညာရှင်များ သီးသန့်ကြည့်ရှုမည့် Press Show တက်ရောက်ခွင့် ရရှိခြင်းတို့ပဲ ဖြစ်သည်။

ထို ပြိုင်ပွဲအတွက် စည်ကမ်းချက်များမှာ ကြော်ငြာပုံပါအတိုင်း လူဦးရေ (၅)ဦး ပါဝင်ရမည်ဖြစ်ပြီး ယောင်္ကျားလေး ၄ဦး၊ မိန်းကလေး ၁ဦး ( သို့မဟုတ် ) မိန်းကလေး ၄ဦး ယောင်္ကျားလေး ၁ဦး အနေဖြင့် အုပ်စု ၁စု ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ အုပ်စုထဲမှ တစ်ဦးတည်းသော သူသည် သရဲပုံစံ ဝတ်ဆင် မိတ်ကပ်လိမ်းခြယ်ရမည် ဖြစ်သည်။

ကြော်ငြာပိုစတာ ဒီဇိုင်းထဲမှ သရုပ်ဆောင် အမူအရာအပြင် ကိုယ်ကြိုက်နှစ်သက်ရာ အမူအရာအတိုင်းလည်း ပြုလုပ်နိုင်မည် ဖြစ်ပြီး အဝတ်အစား ဒီဇိုင်းများမှာ မိမိ ကြိုက်နှစ်သက်ရာ ဝတ်ဆင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သရဲပုံစံ ဝင်ပြိုင်မည့်သူ အနေနှင့်လည်း ကြိုက်နှစ်သက်ရာ ဒီဇိုင်းဖြင့် ယှဉ်ပြိုင်နိုင်သော်လည်း သရဲမိတ်ကပ် အပြင်အဆင်ဖြစ်ဖို့ လိုအပ်သည်။

ပြိုင်ပွဲဝင် အားလုံးထဲမှ ဆန်ကာတင် ၅ပုံ ရွေးချယ် သွားမည်ဖြစ်ပြီး အဆိုပါထဲမှ တစ်ပုံကို ရွေးချယ်ပြီး ဆုချီးမြင့်ပေးမည်ဖြစ်ကာ ဆုရွေးချယ်ခံရသည့် ပုံထဲမှ သရုပ်ဆောင် ၅ဦး သည် ဆုများအား ခွဲဝေရရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ကြောက် ကြောက် ကြောက် ကြော်ငြာ ပိုစတာ ပုံတူပြိုင်ပွဲအတွက် ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကား Facebook Page ၏ Chatbox မှ တဆင့် ပေးပို့နိုင်ပြီဖြစ်ပြီး ဇူလိုင်လ ၅ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly