ငမိုးရိပ်ရေလှောင် တမံရေပြည့် အမှတ်ရောက် ရန်လေးလက်မခန့်လိုသေး

ငမိုးရိပ်ရေလှောင် တမံရေပြည့် အမှတ်ရောက် ရန်လေးလက်မခန့်လိုသေး
ငမိုးရိပ်ရေပိုလွှဲလက်ရှိအခြေအနေ - ဓါတ်ပုံ MNA  (ပုံပဲ ယူပေးပါ။ ပုံထဲက စာတွေ မယူပါ)

ရန်ကုန်၊ သြဂုတ် ၄ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိမ် ရေလှောင်တမံသည် ရေပြည့်အမှတ်သို့ ရောက်ရန် အမြင့် လေးလက်မခန့် လိုသေးပြီး သတ်မှတ်ရေလှောင် ပမာဏ ပြည့်မီပါက ရေပိုလွှဲမှတဆင့် ရေထုတ်လွှတ်မည် ဖြစ်သည်ဟု သိရသည်။
 
ယင်းရေလှောင်တမံ၏ ရေသိုလှောင်မှု ပမာဏမျာ ၁၈၀၀၀၀ ဧကပေ ဖြစ်ပြီး လက်ရှိ ရေလှောင် ပမာဏမှာ ၁၇၇၀၀၀ ဧကပေ ရှိပြီဖြစ်သည်။ သြဂုတ် ၄ ရက် မွန်းလွဲ နှစ်နာရီ တိုင်းထွာချက်အရရေပိုလွှဲ မှရေထုတ်လွှတ်မှုနှင့် ရေကျော်ကျမှုများ မရှိဘဲ ၊ ရေလှောင် ပမာဏနှင့် ဆည်တာတမံ ကြံ့ခိုင်မှု အတွက် ရေကင်းများ ချထားပြီး ဆောင်ရွက်လျှက် ရှိသည်ဟုလည်း သိရသည်။
 
အဆိုပါ တမံတွင် သတ်မှတ် ရေလှောင်ပမာဏထက် ပြည့်မီပါက ရေပိုလွှဲမှတဆင့် ရေထုတ်လွှတ်ခြင်းကို  ယခင်ကလည်း ပြုလုပ်လေ့ရှိပြီး ဒီရေတက်မှုနှင့်တိုက်ဆိုင်ပါ ကချောင်းတစ်လှောက်ရေလျှံလေ့ ရှိသည်ဟုလည်း သိရသည်။

ငမိုးရေ ရေလှောင်တမံသည်  ရန်ကုန်မြို့အတွက် တစ်နေ့လျှင် ရေဂါလံ သန်း ၉၀ ကျော် ပို့လွှတ်ပေးပြီး လှည်းကူး၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် မြို့နယ်များရှိ လယ်ဧက သုံးသောင်းကျော် အတွက် လည်းရေဖြန့်ဝေပေးသည်။

Source : သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly