မန်စီးတီးအသင်းသို့ ဂျုဗင်တပ်နောက်ခံလူ အဲလ်ဗက်စ်ပြောင်းရွှေ့

မန်စီးတီးအသင်းသို့ ဂျုဗင်တပ်နောက်ခံလူ အဲလ်ဗက်စ်ပြောင်းရွှေ့

ဇွန် ၂၇၊ မန်ချက်စတာ ။           ။ ဂျုဗင်တပ်အသင်းမှ ဘရာဇီးနောက်ခံလူ အဲလ်ဗက်စ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

အသက် ၃၄နှစ်အရွယ်ဝါရင့်နောက်ခံလူမှာ မန်စီးတီးအသင်းနှင့် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဆရာဟောင်း ဂွာဒီယိုလာနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ အဲလ်ဗက်စ်မှာ ၂၀၀၈ခုနှစ်တွင် ဆီဗီလာအသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၂၃သန်းဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာပြီး ဂွာဒီယိုလာနှင့်လက်တွဲခဲ့ကာ ၂၀၁၂ခုနှစ်တွင် ဂွာဒီယိုလာက အသင်းမှထွက်ခွာခဲ့သည်။

မန်စီးတီးအသင်းမှာ နောက်ခံလူ ဇာဘလက်တာအသင်းမှထွက်ခွာသွားပြီးနောက် ညာနောက်ခံလူတစ်ဦးကို ရှာဖွေနေပြီး စပါးနောက်ခံလူ ကယ်လီကိုလည်း ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags