မုံရွာမြို့နယ် အတွင်းရေဝင်ရောက်သဖြင့် ယာယီပြောင်းရွှေ့နေထိုင်ကြရ

မုံရွာမြို့နယ် အတွင်းရေဝင်ရောက်သဖြင့် ယာယီပြောင်းရွှေ့နေထိုင်ကြရ

ဩဂုတ် ၄ ရက် ။       ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာကာ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇူလိုင်လ(၂၉)ရက်မှ ဩဂုတ်(၄) ရက်နေ့အထိ ဘုန်းတော်ကျောင်းများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများတွင် ချောင်းငယ်၊ မြောင်းငယ်၊ ရိုးငယ်များမှ တစ်ဆင့် မြစ်ရေများ ဝင်ရောက်လျက်ရှိသည်။

အဆိုပါ ကျေးရွာများမှာ နတ်ကြီးကျွန်း၊ ကျွန်းကြီး၊ ရတနာပုံကျွန်း၊ ဂျိုးစု၊ တဲတိုက်၊ ထန်ပင်စု၊ တံခွန်တိုင်၊ မင်းကုန်း၊ ဆူးလေကုန်း၊ ထန်းလေးပင်၊ ကျွန်းရွာသစ်၊ ညောင်ဖြူပင်၊ မရိုးကုန်း၊ ချောင်းကောက်၊ ကြာပိုင်၊ တောပု၊ တောင်ပုံ၊ ကူတောပလင်၊ ဗုံမနိုး၊ ကျောင်းစု၊ ပုဏ္ဍားမော်၊ ရှားပင်ကျွန်း၊ ရေလည်ကျွန်းတို့ဖြစ်ပြီး ရွာသားများသည် ၎င်းတို့ မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်များနှင့်အတူ ပတ်ဝန်း ကျင်ကျေးရွာများရှိ ဘုန်းတော်ကြီးများနှင့် စာသင်ကျောင်းများတွင် ယာယီပြောင်းရွှေ့နေထိုင်ကြရသည်။

ယာယီပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများရှိရာနေရာသို့ အလှူရှင်များက ထမင်းထုပ်များ၊ ခေါက်ဆွဲကြော်ထုပ်များ၊ ရေသန့်ဘူးများ၊ အသင့်စားသုံးနိုင်သည့် စားသောက်ဖွယ်ရာ များဝေငှပေး လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်ဟုဆိုသည်။

Source - ဖိုးချမ်း (မုံရွာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly