ဧရာဝတီ နှင့် DVB သတင်းထောက်များ ဖမ်းခံရမှုအပေါ် ကန့်ကွက်ပြီး အမြန်ဆုံးလွှတ်ပေးရန် GW မှ တောင်းဆို

ဧရာဝတီ နှင့် DVB သတင်းထောက်များ ဖမ်းခံရမှုအပေါ် ကန့်ကွက်ပြီး အမြန်ဆုံးလွှတ်ပေးရန် GW မှ တောင်းဆို

ရန်ကုန်၊ ဇွန်လ ၂၇ ။            ။ အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သွားရောက်သတင်းယူသည့် ဧရာဝတီ နှင့် DVB သတင်းထောက်များ ဇွန် ၂၆ ရက်က ဖမ်းခံရမှုအပေါ် ကန့်ကွက်ပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း Generation Wave အဖွဲ့က ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာဥပဒေ ပုဒ်မ - ၇(က) အရ သတင်းထောက်များအနေဖြင့် စစ်ဖြစ်ပွားရာ၊ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားရောက်သတင်းရယူခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားသည်။

ထို့ပြင် ၂ဝဝ၆ ခုနှစ်က ချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ်- ၁၇၃၈ တွင်လည်း ပဋိပက္ခဖြစ်ပွား ရာနေရာများတွင် သတင်းထောက်များကို အရပ်သား ပြည်သူများနှင့် တန်းတူ ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ပါရှိထားသဖြင့် ယခုကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးခြင်းမှာ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ ဥပဒေများနှင့် ကွဲလွဲနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ပြီး ဖမ်းဆီးခံသတင်းသမားများအား အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖြစ်သည့် ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်တို့ ဇွန်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ရှိ တ အာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု သတင်း များ ရယူပြီးပြန်လာစဉ် နယ်မြေခံ တပ်မတော်စစ်ကြောင်း မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရကြောင်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags