ထိုင်ဝမ်နှင့် ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်နိုင်ရန် ပါရာဂွေးမျှော်မှန်း

ထိုင်ဝမ်နှင့် ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်နိုင်ရန် ပါရာဂွေးမျှော်မှန်း

 ဇွန် ၂၇ ။               ။ ပါရာဂွေးနိုင်ငံခြားရေးဝန်ကြီး အယ်လာဒီယိုလွိုင်ဇာဂါက ပါရာဂွေးနှင့် ထိုင်ဝမ်ကြားရှိ ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်နိုင်ရန်အတွက် လုပ်ဆောင်စရာအများအပြားရှိကြောင်း တနင်္လာနေ့ကကျင်းပခဲ့သော နှစ်နိုင်ငံကြားရှိ သံတမန်ဆက်ဆံရေး နှစ်၆၀ပြည့် အထိမ်းအမှတ်ပွဲ၌ ပြောကြားခဲ့သည်။

ပါရာဂွေးနိုင်ငံခြားရေးဝန်ကြီးဌာန၌ ထိုင်ဝမ်သံအမတ်ကြီး အလက်ဇန္ဒားနှင့်အတူတကွ ပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားတွင် လွိုင်ဇာဂါက ထိုင်ဝမ်နိုင်ငံသို့ အကန့်အသတ်ဖြင့် တင်ပို့နေသော အမဲသားပမာဏကို မြှင့်တင် နိုင်ရေးသည် အရေးပါကြောင်း ပြောကြားခဲ့သည်။

“ထိုင်ဝမ်နိုင်ငံကို အကန့်အသတ်ဖြင့် တင်ပို့ရောင်းချနေတဲ့ ကျနော်တို့ရဲ့ အမဲသားတွေဟာ အခုဆိုရင် လူကြိုက် များနေပြီး နဂို ၃၅၀၀ တန်လောက် တင်ပို့နိုင်တာကနေ အခုဆိုရင် ၁၀၄၀၆ တန်လောက် တင်ပို့နိုင်ပြီဖြစ်ပါ တယ်။ ဒါဟာ ဒီနှစ်အတွင်း ကျနော်တို့ပူးတွဲ စွမ်းဆောင်နိုင်ခဲ့တဲ့အရာဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ဒါ့အပြင်သူက ထိုင်ဝမ်နှင့်ပါရာဂွေးနိုင်ငံကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အရေးပါ ကြောင်းနှင့် ပါရာဂွေးကျောင်းသားများကို ထိုင်ဝမ်၏ဂုဏ်သတင်းကြီးမားသော တက္ကသိုလ်များ၌ တက်ရောက် ရန်ခွင့်ပြုချက်အပေါ် ချီးကျူးခဲ့သည်။

လွိုင်ဇာဂါက နှစ်နိုင်ငံကြားရှိ သံတမန်ဆက်ဆံရေး နှစ်၆၀ပြည့် အထိမ်းအမှတ်အနေဖြင့် ကဏ္ဍအသီးသီး၌ ဒါဇင်နှင့်ချီသော ပူးတွဲလုပ်ဆောင်ရေးသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း   ပြောခဲ့သည်။

ပါရာဂွေးနှင့် ထိုင်ဝမ်တို့သည် နှစ်နိုင်ငံကြားရှိ သံတမန်ဆက်ဆံရေးကို ၁၉၅၇ခုနှစ်ကတည်း စတင်ခဲ့ပြီး မြို့တော် အက်ဆန်စီယွန်တွင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေဖြင့် အခမ်းအနားအများအပြားကို ကျင်းပခဲ့သည်။

တရုတ်နိုင်ငံမှ သူပုန်ခရိုင်နယ်မြေဟု သတ်မှတ်ထားခြင်းခံရသော ထိုင်ဝမ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ၎င်းတို့နှင့် သံတမန်ဆက်ဆံရေးရှိသော နိုင်ငံများမှာ ၂၀ခန့်သာရှိပြီး ထိုထဲမှ ၁၀နိုင်ငံမှာ လက်တင်အမေရိကနှင့် ကာရေဘီယန်မှ နိုင်ငံများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags