လူ ၁၅၀ နီးပါး သေဆုံးသည့် လောင်စာဆီတင်ကား ပေါက်ကွဲမီးလောင်မှုကို ပါကစ္စတန်ဝန်ကြီးချုပ် စုံစမ်းခိုင်းထား

လူ ၁၅၀ နီးပါး သေဆုံးသည့် လောင်စာဆီတင်ကား ပေါက်ကွဲမီးလောင်မှုကို ပါကစ္စတန်ဝန်ကြီးချုပ် စုံစမ်းခိုင်းထား

ကရာချိ၊ ဇွန် ၂၆ ။             ။ ပါကစ္စတန်နိုင်ငံတွင် လူပေါင်း ၁၄၄ ဦး သေဆုံးပြီး ၁၂၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့သည့် လောင်စာဆီတင်ကား ပေါက်ကွဲမီးလောင်မှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ဝန်ကြီးချုပ်က အမိန့်ထုတ်ထားသည်။

"ဆီတင်ကား ပေါက်ကွဲတဲ့ အကြောင်းရင်းကို သင့်တော်ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ကျွန်တော် အမိန့်ထုတ်ထားပါတယ်။ ဒါမှ ဆီတင်ကားရဲ့အခြေအနေကို သိရပြီး ကားကုမ္ပဏီမှာ တာဝန်ရှိမရှိ သိရနိုင်မှာဖြစ်ပါတယ်။"ဟု အရှေ့မြောက်ပိုင်း ပန်ဂျက်ပြည်နယ်တွင် ဖြစ်ပွားသော အဆိုပါပေါက်ကွဲမှုနေရာသို့ လာရောက်သည့် ဝန်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 ဇွန် ၂၅ ရက် နံနက် ခြောက်နာရီခွဲအချိန်ခန့်က ဘာဟာဝါပူမြို့အနီးတွင် လောင်စာဆီလီတာပေါင်း ထောင်ပေါင်းများ တင်ဆောင်လာသည့် ဆီတင်ကား တိမ်းမှောက်ကာ ပေါက်ကွဲမီးလောင်ခြင်းဖြစ်သည်။

ကားတိမ်းမှောက်၍ ဖိတ်စင်ကျလာသော ဆီများကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာရပ်ကွက်များမှ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူများစွာ လာရောက်ခပ်ယူလျက် ရှိနေစဉ် ပေါက်ကွဲမီးလောင်ခြင်းဖြစ်သည်။

နောက်ဆုံးအချက်အလက်များအရ သေဆုံးသူဦးရေ ၁၄၄ ဦးရှိကြောင်း ကယ်ဆယ်ရေးတပ်ဖွဲ့ တပ်မှူး ဟူစိန်က ဆိုသည်။

ဒဏ်ရာရသူ ၁၂၀ ကျော်တွင် ၉၀ ရာခိုင်နှုန်းမှာ အခြေအနေစိုးရိမ်ဖွယ်ရှိ၍ သေဆုံးသူဦးရေ ထပ်တိုးနိုင်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly