TNLA နယ်မြေတွင် သတင်းသွားယူသည့် ဧရာဝတီ နှင့် DVB သတင်းထောက်များ ဖမ်းခံရ

TNLA နယ်မြေတွင် သတင်းသွားယူသည့် ဧရာဝတီ နှင့် DVB သတင်းထောက်များ ဖမ်းခံရ

အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သွားရောက်သတင်းယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့ကို ဇွန် ၂၆ရက်က ဖမ်းခံလိုက်ရသည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်း၌ တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေးယူစဉ် ဇွန် ၂၆ရက် မွန်းလွဲ ၃နာရီက နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ရာမှ အဆိုပါ သတင်းထောက် ၃ဦးအပါအဝင် အမျိုးသား ၇ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်မှုတွင် အဆိုပါ ၇ဦးမှာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖမ်းဆီးကာ လားရှိုးမြို့နယ်ရဲစခန်းသို့ အပ်နှံထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags