မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေချိန် တောင်ကိုရီးယားသမ္မတ အမေရိကန်သို့သွားရောက်

မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေချိန် တောင်ကိုရီးယားသမ္မတ အမေရိကန်သို့သွားရောက်

ဇွန် ၂၆ ။              ။ လက်ရှိအချိန်မှာ အိမ်နီးချင်းမြောက်ကိုရီးယားတို့ဘက်က တိုးမြင့်ခြိမ်းခြောက်နေမှုတွေရှိနေချိန်မှာ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းကတော့ ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ပြုံယမ်းအာဏာပိုင်တွေတော့ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ တိုးမြင့်ချမှတ်ခံနေရတဲ့ကြားကနေ ယင်းရဲ့ ဒုံးကျည်အစီအစဉ်တွေကို ပိုမိုအရှိန်မြင့်လုပ်ဆောင်လာနေလျက်ရှိပါတယ်။

တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းကတော့ ၎င်းရဲ့ မဲဆွယ်ကာလတုန်းက သူ့အနေနဲ့ ဝါရှင်တန်ထက် ပြုံယမ်းဆီကို သွားချင်တယ်လို့ ထုတ်ပြောထားခဲ့ပေမယ့် ယခုအခါ ၎င်းရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အမေရိကန်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ယခုအချိန်မှာ ယင်းနိုင်ငံအတွက်ကတော့ အမေရိကန်ဟာ လုံခြုံရေးအာမခံချက်ပေးသူအဖြစ် ရှိနေပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၈,၀၀၀ လောက် တပ်စွဲထားလျက်ရှိပါတယ်။

မြောက်ကိုရီးယားတို့ဟာ အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုဖြစ်နေပြီဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ထုတ်ပြောထားသလို သမ္မတ ထရမ့်ကလည်း ၎င်းတို့နိုင်ငံရဲ့ ပထမ ဦးစားပေးနိုင်ငံခြားရေးမူဝါဒကတော့ ပြုံယမ်းအစိုးရရဲ့ ဒုံးကျည်အစီအစဉ်တွေ ရပ်ဆိုင်းသွားရေးဖြစ်တယ်လို့ ပြောထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags