ရေဘေးအတွက် ဂျပန်ဝန်ကြီးချုပ် ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရေဘေးအတွက် ဂျပန်ဝန်ကြီးချုပ် ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရန်ကုန်၊ သြဂုတ် ၄ ။        ။ မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအတွက် ဂျပန်အစိုးရကို ကိုယ်စားပြု၍ အသက် ဆုံးရှုံးခဲ့ရသော မြန်မာပြည်သူများ၊ အိုးအိမ်များ ဆုံးရှုံးခဲ့ ရသော ပြည်သူများအတွက် ဝမ်းနည်းကြောင်း ဂျပန် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က  သြဂုတ် ၄ ရက်တွင်   သဝဏ်လွှာ ပေးပို့လိုက်သည်။

၎င်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် သဘာ၀ ဘေးအန္တရာယ် ခံစားနေရသော ဒေသများ ပုံမှန် အနေအထားသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိပြီး ထူထောင်နိုင်ပါစေကြောင်းလည်း ဆုတောင်းထားသည်။

ယင်းအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Mr.Fumio KISHIDA ကလည်း မြန်မာနိုင်ငံတွင်း ရေဘေးကြောင့် လူများ သေဆုံးခြင်းနှင့် နေအိမ်များ ရွှေ့ပြောင်းရခြင်း အတွက် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဝမ်းနည်းကြေကွဲ မိကြောင်း နှင့် အမြန်ဆုံး ပြန်လည် ထူထောင် နိုင်ပါစေကြောင်း ဆုတောင်း ပြောကြားလိုသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့်  မြန်မာရေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် စောင်များ၊ အိပ်ယာများ၊ ပလတ်စတစ်စများ စုစုပေါင်း ကန်ဒေါ်လာ တစ်သိန်းခွဲနှင့် ညီမျှသည့် ဂျပန်ယန်းငွေ ၁၈ သန်း တန်ဖိုးရှိ  ပစ္စည်းများကိုလည်း လှုဒါန်းမည်ဟု သြဂုတ် ၄ ရက်က ကြေညာခဲ့သည်။

မြန်မာအစိုးရက ရေဘေးအတွက် အကူအညီများလိုအပ်ကြောင်း တောင်းဆိုလာသည့်အပေါ် အရေးပေါ်အကူအညီအဖြစ် ယင်းပစ္စည်းများကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတစ်ဆင့် ပေးလှူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly