စိတ်ငြိမ်အောင်လေ့ကျင့်နေသည့်ပုံကို စီရော်နယ်ဒိုပြသ

စိတ်ငြိမ်အောင်လေ့ကျင့်နေသည့်ပုံကို စီရော်နယ်ဒိုပြသ

ဇွန် ၂၆၊ ရုရှ။ ။           ။ စီရော်နယ်ဒိုသည် ရုရှတွင်ပေါ်တူဂီအသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေစဉ်အတွင်း စိတ်တည်ငြိမ်အောင်လေ့ကျင့်နေသည့်ပုံကို အင်စတာဂရမ်တွင် ပြသလိုက်သည်။

စီရော်နယ်ဒိုအနေဖြင့် အခွန်ကိစ္စကြောင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာချင်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းနှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးက အသက် ၃၁ နှစ်အရွယ်ကစားသမားအနေဖြင့် ပြန်လည်တုန့်ပြန်ရန် ရက်အနည်းငယ် အချိန်ယူရမည်ဟု ပြောသည်။

စီရော်နယ်ဒို၏မိတ်ဆွေကောင်းတစ်ဦးဖြစ်ပြီး ၂၀၁၂-၁၃ ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ကင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ သည့် လူးဝစ်ကမ်ပိုက ယင်းကစားသမား၏ အခြေအနေနှင့် ပတ်သက်ပြီး ပြင်သစ်ရုပ်သံ TF1 သို့ ပြောထားသည်။

“စီရော်နယ်ဒိုအနေနဲ့ ကိစ္စတွေကို တုန့်ပြန်ဖြေရှင်းဖို့ ရက်နည်းနည်းလောက် အချိန်ယူဖို့လိုနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကလည်း ပုံမှန်ပါပဲ။ ဆုံးဖြတ်ချိန်မှန်မှန်ကန်ကန်ချဖို့ သူ့မှာအချိန်ရလာမှာပါ။

ရီးယဲလ်နဲ့ လက်ရှိအခြေအနေက နည်းနည်းတင်းမာနေတယ်ဆိုပေမယ့် အဲဒါလည်းသာမန်ပါပဲ။ လက်ရှိအခြေအနေကို စိတ်မကောင်းဖြစ်နေပေမယ့် သူက သူ့အလုပ်ကို သိပ်အာရုံစိုက်တဲ့လူပါ”ဟု လက်ရှိ လိုင်လီအားကစားဒါရိုက်တာ ကမ်ပိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly