အေစီမီလန်အသင်းနှင့် ဂိုးသမားဒွန်နာရမ်မာတို့ တွေ့ဆုံဆွေးနွေးမည်

အေစီမီလန်အသင်းနှင့် ဂိုးသမားဒွန်နာရမ်မာတို့ တွေ့ဆုံဆွေးနွေးမည်

ဇွန် ၂၆၊ အီတလီ ။          ။ ယူ-၂၁ ဥရောပဖလားပြိုင်ပွဲအပြီးတွင် အေစီမီလန်အသင်းနှင့် ဂိုးသမားဒွန်နာရမ်မာတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဒွန်နာရမ်မာ၏အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ပြောဆိုလိုက်သည်။

ဒွန်နာရမ်မာသည် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ကာ အသင်းပြောင်းရန် စီစဉ်ခဲ့သည်။ ထိုကဲ့သို့ စီစဉ်ခဲ့ခြင်းကြောင့် ဒွန်နာရမ်မာမှာ ခြိမ်းခြောက်ခြင်းခံခဲ့ရသလို ယူ-၂၁ ပြိုင်ပွဲ၌ ငွေစက္ကူ အတုများဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသည်။

ဒွန်နာရမ်မာသည် အေစီမီလန်အသင်းအတွက် လက်စွမ်းပြနိုင်ပြီး အီတလီလက်ရွေးစင်အသင်းကြီးတွင် ရွေးချယ်ခံခဲ့ရသောကြောင့် ရီးယဲလ်၊ မန်ယူနှင့် ဂျူဗင်တပ်စ်တို့က ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသည်။

ထိုအခြေအနေများ ဖြစ်ပျက်ပြီးနောက်တွင် ဒွန်နာရမ်မာက ၎င်းအနေဖြင့် အေစီမီလန်အသင်းနှင့်ပရိတ်သတ်များကို ချစ်မြတ်နိုးကြောင်း ပြောဆိုခဲ့သည်။

‘မီလန်အသင်းနဲ့ပရိသတ်တွေကို ကျွန်တော်ချစ်တယ်ဆိုတာ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ အခုတော့ လက်ရွေးစင်အသင်းအတွက် စိတ်နှစ်မြှပ်ထားပါတယ်။ ယူ-၂၁ ပွဲတွေက အကြာခင်ပြီးတော့မှာပါ။ ဒီပြိုင်ပွဲပြီးသွားရင် ကျွန်တော့်ရဲ့မိသားစုရယ်၊ ကျွန်တော့်အေးဂျင့်ရယ် အေစီမီလန်အသင်းက တာဝန်ရှိသူတွေရယ် အားလုံးတွေ့ဆုံပြီး စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာပါ။ ဒါက ကျွန်တော့်ရဲ့ကတိပါ’ ဟု ဒွန်နာရမ်မာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags