မာရာဝီမြို့တွင် အိဒ်နေ့ကျင်းပနိုင်ရန်အတွက် ယာယီစစ်ရပ်ဆိုင်းကြောင်း ဖိလစ်ပိုင်စစ်တပ်ကြေညာ

မာရာဝီမြို့တွင် အိဒ်နေ့ကျင်းပနိုင်ရန်အတွက် ယာယီစစ်ရပ်ဆိုင်းကြောင်း ဖိလစ်ပိုင်စစ်တပ်ကြေညာ

မာရာဝီ (ဖိလစ်ပိုင်) ဇွန် ၂၅ ။              ။ ဖိလစ်ပိုင်စစ်တပ်သည် ၎င်းတို့ထိုးစစ်ဆင်မှုများပြုလုပ်နေသော အစ္စလာမစ်အစွန်းရောက်များ သိမ်းပိုက်ထား သည့် မာရဝီမြို့မှ မြို့ခံအရပ်သားများ ဥပုသ်ကာလပြီးဆုံးသည့်အနေဖြင့် အိဒ်နေ့ကျင်းပနိုင်ရန်အတွက် ၈နာရီ ခန့် အပစ်အခတ်ရပ်စဲကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

စစ်တပ်မှအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အက်ဒွာဒိုအာနိုက သူ၏တပ်ဖွဲ့များသည် အိဒ်နေ့အားလပ်ရက် ကာလအတွင်း မာရဝီမြို့၌ လူသားချင်းစာနာသည့်အနေဖြင့် ယာယီစစ်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောခဲ့ သည်။

“အစ္စလာမစ်ဘာသာအပေါ် သက်ဝင်ယုံကြည်သူများအား လေးစားသမှုပြုတဲ့အနေနဲ့ အဲ့ဒီ့နေ့ကျရင် မာရဝီမြို့ မှာ ပြုလုပ်နေတဲ့ ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေကို ခေတ္တရပ်စဲထားဖို့ ကြေညာပါတယ်” အာနိုက ကြေညာချက် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများ၏ အကူအညီကိုရရှိထားသော ရာနှင့်ချီသည့် ဖိလစ်ပိုင်မှစစ်သွေးကြွများ သည် လွန်ခဲ့သောလက မင်ဒါနာအိုကျွန်းတောင်ပိုင်းရှိ မာရဝီမြို့ကို သိမ်းပိုက်ခဲ့ပြီး မြို့တွင်း၌ IS အလံများလွှင့် ထူထားကာ လမ်းမများပေါ်၌ သွေးစွန်းသော တိုက်ပွဲများကို ဆင်နွှဲနေကြသည်။

အစိုးရတပ်ဖွဲ့များသည် ထိုစစ်သွေးကြွများကို နှိမ်နင်းရန်အတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ် များကို မရပ်မနားလုပ်ဆောင်နေသော်လည်း မြို့တွင်းရှိ နေရာကောင်းများ၌ ခိုင်မာစွာခြေကုပ်ယူထားသော သေနတ်သမားများကို ဖြိုခွင်းဖို့ မစွမ်းဆောင်နိုင်ဘဲဖြစ်နေသည်။

မြို့တွင်းနေထိုင်သူအများစုသည် ၎င်းတို့၏ ဆွေမျိုးသားချင်း၊ မိတ်ဆွေများရှိရာ မြို့များနှင့် အရေးပေါ်ရွှေ့ပြောင်း နေထိုင်ရာ နေရာများသို့ ထွက်ပြေးသွားခဲ့ကြပြီး မြို့မှာ စစ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly