အမ်ဘတ်ပီကို မခေါ်နိုင်ပါက မန်ယူတိုက်စစ်ကစားသမား မာရှယ်ကို ပေါင်သန်း ၄၀ ဖြင့် အာဆင်နယ် ခေါ်မည်

အမ်ဘတ်ပီကို မခေါ်နိုင်ပါက မန်ယူတိုက်စစ်ကစားသမား မာရှယ်ကို ပေါင်သန်း ၄၀ ဖြင့် အာဆင်နယ် ခေါ်မည်

ဇွန် ၂၅၊ အင်္ဂလန် ။           ။ အာဆင်နယ်အသင်းသည် ယခုအပြောင်းအရွှေ့ရာသီတွင် ခေါ်ယူရန် ပစ်မှတ်ထားနေသည့် နံပါတ်တစ်ကစားသမား အမ်ဘတ်ပီကို မခေါ်ယူနိုင်ပါက မန်ယူတိုက်စစ်ကစားသမား မာရှယ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။

မိုနာကိုတိုက်စစ်မှူးအမ်ဘတ်ပီကို ရီးယဲလ်အသင်းကလည်း ခေါ်ယူလိုနေပြီး ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်သို့သာ ပြောင်းလိုကြောင်းဝန်ခံထားသည့်အတွက် အာဆင်နယ်အသင်းနှင့် နည်းပြအာစင်ဝင်းဂါးက မာရှယ်ကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

သို့သော် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် မန်ယူနည်းပြ မော်ရင်ဟိုတို့မှာ ပုဂ္ဂိုလ်ရေးပြဿနာများရှိနေခြင်းကြောင့် မာရှယ်ကို အာဆင်နယ်သို့ရောင်းချခြင်းအား မော်ရင်ဟိုက သဘောမတူမည်ကို အာစင်ဝင်းဂါးက စိုးရိမ်နေသည်ဟု ဒေးလီးမေးလ်သတင်းစာက ဆိုသည်။

အာဆင်နယ်အသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင် ၎င်းတို့၏တိုက်စစ်ကို အင်အားဖြည့်တင်းရန် ကြိုးပမ်းနေပြီး ဒေါ့တ်မွတ်တိုက်စစ်မှူး အူဘာမီယန်း၊ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီတို့ကိုလည်း ချိတ်ဆက်လျက်ရှိနေသည်။

အာဆင်နယ်အသင်း၏ ယခုရာသီ အဓိကပစ်မှတ်မှာ အမ်ဘတ်ပီဖြစ်သော်လည်း မိုနာကိုအသင်းက အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးအတွက် ယူရိုသန်း ၁၀၀ ကျော် တောင်းဆိုထားသည့်အတွက် အာဆင်နယ်သို့ရောက်ရန်မှာ ရာခိုင်နှုန်းအလွန်နည်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly