ဂျပန်က ကန်ဒေါ်လာ တစ်သိန်းခွဲတန် ကယ်ဆယ်ရေး ပစ္စည်းများလှူမည်

ဂျပန်က ကန်ဒေါ်လာ တစ်သိန်းခွဲတန် ကယ်ဆယ်ရေး ပစ္စည်းများလှူမည်

သြဂုတ် ၄ ရက် ။       ။ ဂျပန်နိုင်ငံက မြန်မာရေဘေးအတွက် စုစုပေါင်း ကန်ဒေါ်လာ တစ်သိန်းခွဲနှင့် ညီမျှသည့် ဂျပန်ယန်းငွေ ၁၈ သန်း တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော စောင်များ၊ အိပ်ယာများ၊ ပလတ်စတစ်စများကို လှူဒါန်းမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်က ကြေညာလိုက်သည်။

မြန်မာအစိုးရက ရေဘေးအတွက် အကူအညီများလိုအပ်ကြောင်း တောင်းဆိုလာသည့်အပေါ် အရေးပေါ်အကူအညီအဖြစ် ယင်းပစ္စည်းများကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတစ်ဆင့် ပေးလှူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဂျပန်သံရုံးက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly