တရုတ်မြေပြိုမှုတွင် ရုပ်အလောင်း ငါးလောင်း တွေ့ရှိ၊ ၁၂၀ ကျော် ပျောက်ဆုံးနေ

တရုတ်မြေပြိုမှုတွင် ရုပ်အလောင်း ငါးလောင်း တွေ့ရှိ၊ ၁၂၀ ကျော် ပျောက်ဆုံးနေ

ပေကျင်း၊ ဇွန် ၂၄ ။             ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်ပေါ်ရွာတစ်ရွာတွင် ဇွန် ၂၄ ရက်က ဖြစ်ပွားသော မြေပြိုမှု၌ ကယ်ဆယ်ရေးသမားများက ရှာဖွေရှင်းလင်းရေး လုပ်ငန်းများ   ဆောင်ရွက်နေဆဲဖြစ်ကာ ရုပ်အလောင်း ငါးလောင်းကို တွေ့ရှိပြီး လူ ၁၂၀ ကျော်ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

တောင်နံရံပြိုကျ၍ ဆင်မိုကျေးရွာမှ နေအိမ်ဒါဇင်များစွာ တိုက်စားပျက်စီးရသည့် မြေပြိုမှုတွင် စုံတွဲတစ်တွဲနှင့် ကလေးတစ်ဦးကို ကယ်တင်နိုင်ပြီး ဆေးရုံတင်ပို့ထားသည်။

စီချွမ်ပြည်နယ်က မိုးသည်းထန်ခြင်းကြောင့် ဖြစ်ပွားသော ယင်းမြေပြိုမှုတွင် စတုတ္တမြောက် အသက်ရှင်လျက်ရှိသူကို တွေ့ရသော်လည်း ကယ်ဆယ်ရေးသမားများက ၎င်းကို ကယ်ယူဆွဲထုတ်နိုင်ရေး နာရီအတန်ကြာ ကြိုးစားနေရသည်။

ဇွန် ၂၄ ရက် အစောပိုင်းတွင် မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်ကာ အိမ် ၆၂ အိမ် ပိကျပျက်စီးပြီး မြစ်ကမ်းတစ်လျှောက် နှစ်ကီလိုမီတာ (တစ်မိုင်ခန့်) နှင့် လမ်းမတစ်လျှောက် ၁ ဒဿမ ၆ ကီလိုမီတာခန့် ပိတ်ဆို့လျက် ရှိနေကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းက ဖော်ပြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်ဖြင့် ဆက်လက်လုပ်ဆောင်နေရာ ဘူဒိုဇာများက မြေများကို ထိုးကော်ဖယ်ရှားလျက် ရှင်းလင်းဆောင်ရွက်နေပုံများအား People’s Daily သတင်းစာတွင် ဓာတ်ပုံများ မြင်တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags