မက္ကာဗလီအနီး အသေခံဗုံးခွဲမှုတွင် အီရန်နှင့် ကာတာက ဆော်ဒီအား ဆက်ဆံရေးမပြေလည်သော်လည်း အားပေးထောက်ခံ

မက္ကာဗလီအနီး အသေခံဗုံးခွဲမှုတွင် အီရန်နှင့် ကာတာက ဆော်ဒီအား ဆက်ဆံရေးမပြေလည်သော်လည်း အားပေးထောက်ခံ

မက္ကာ၊ ဇွန် ၂၄ ။              ။ အီရန်နှင့် ကာတာနိုင်ငံသည် အစ္စလာမ်များ အထွတ်အမြတ်ထားရာ မက္ကာဗလီအနီး အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဆက်ဆံရေး ပြေလည်မှု မရှိသည့်ကြားက   ဆော်ဒီအာရေဗျနိုင်ငံအပေါ် ဇွန် ၂၄ ရက်တွင် အားပေးထောက်ခံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

"အီရန်နိုင်ငံက သွေးဆာတဲ့ ရာဇဝတ်မှုကျုးလွန်သူတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်အမြဲရှိနေပါတယ်။"ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း သွေးရင်းညီနောင် ဘုရင့်နိုင်ငံတော် ဆော်ဒီအာရေဗျနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိပါကြောင်း ဖော်ပြသည်။

မက္ကာဗလီကြီးမှ ဝတ်ပြုဆုတောင်းသူများအပေါ် ပစ်မှတ်ထားဖွယ်ရှိသည့် တိုက်ခိုက်ရေးသမားတစ်ဦးအား အနီးနားက အဆောက်အအုံတစ်ခုတွင် လုံခြုံရေးအဖွဲ့ဝင်များ ဝိုင်းရံထားစဉ် ၎င်းက ကိုယ်ကိုကို အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်က ဆိုသည်။

မွတ်စလင်ရာမာဇန်ဥပုသ်ကာလ နောက်ဆုံးသောကြာနေ့ ဝတ်ပြုဆုတောင်းသူ ထောင်သောင်းများစွာရှိနေရာ မက္ကာဗလီအနီးဖြစ်ပွားသော ယခုဗုံးခွဲမှုတွင် နိုင်ငံခြားမှ လာရောက်ဝတ်ပြုသူ   ခြောက်ဦးဒဏ်ရာရသည်။

ယင်းနေ့ အစောပိုင်းက သံသယရှိသူ ငါးဦးအား ဖမ်းမိခြင်းဖြင့် တိုက်ခိုက်မှုကြီးစီစဉ်ထားခြင်းကို ဟန့်တားလိုက်နိုင်ခြင်းဖြစ်ကြောင်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၁၄ ခုနှစ် နှောင်းပိုင်းမှစကာ အိုင်အက် ဂျီဟတ်အဖွဲ့က ၎င်းတို့ကျုးလွန်သည်ဆိုထားသော ဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကို ဆော်ဒီအာရေဗျနိုင်ငံတွင် အခါအားလျော်စွာ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags