သိန်း (၃၀၀) ဆုရယူနိုင်မည့် ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲ မြို့ကြီး ၁၀ မြို့တွင် ပြုလုပ်မည်

သိန်း (၃၀၀) ဆုရယူနိုင်မည့် ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲ မြို့ကြီး ၁၀ မြို့တွင် ပြုလုပ်မည်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ဇွန် ၂၄ ။            ။ ငြိမ်းချမ်းရေးဂီတပွဲတော်ဟု အမည်ရသည့် သီချင်းဆိုပြိုင်ပွဲတစ်ခုအား မြန်မာအသံနှင့်ရုပ်မြင်သံကြားမှဦးစီးပြီး မြန်မာနိုင်ငံရှိမြို့ကြီး(၁၀)မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအတွက် ပထမဆု သိန်း (၃၀၀) ဒုတိယဆု သိန်း (၂၀၀) တတိယဆု သိန်း (၁၀၀)နှင့် နှစ်သိမ့်ဆု သိန်း(၃၀) ခုနှစ်ဆုတို့အပါအဝင် စုစုပေါင်း (၁၀)ဆု ပါဝင်မည်ဖြစ်ပြီး ၎င်းပြိုင်ပွဲနှင့်ပတ်သတ်ပြီး မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းထဲတွင် ယနေ့ ဇွန်(၂၄)ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲတွင် အဆင့်(၄)ဆင့်ပါဝင်မည်ဖြစ်သည်။ အဆင့်(၁)ကို မြို့ကြီး(၁၀)မြို့နယ်တွင် ပြုလုပ်သွားရွေးချယ်သွားမှာ ဖြစ်သည်။ အဆင့်(၃)ကို ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် (၄) အား ရန်ကုန်၌ ပြုလုပ်သွားမည်ဖြစ်သည်။

"'ဒီပွဲတော်ကို မြို့ကြီး(၁၀)မြို့မှာ အသစ်စစ်လူရွေးပွဲတွေလုပ်ပြီးတော့မှ စတင်ကျင်းပမယ့်ရက်ကတော့ တောင်ကြီးမြို့မှာ ဇူလိုင်လ (၉)ရက်နေ့ကစပြီးတော့ မြန်မာ့အသံကနေပြီးတော့ Live လွှင့်မှာပါ အဲ့အစီစဉ်က ပထမဆုံးကျင်းပမယ့် မြို့ကြီး(၁၀)မြို့ထဲက တောင်ကြီးမြို့ကစမယ် တောင်ကြီးပြီးရင် မြစ်ကြီးနား၊ ပြီးရင် မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ စစ်တွေ၊ ရန်ကုန်၊ နေပြည်တော်၊ ပြီးရင် မန္တလေး အားလုံးမြို့ကြီး(၁၀)မြို့ပါ"ဟု မြန်မာအသံနှင့် ရုပ်မြင်သံကြား စီမံရေးဌာနမှ ဦးစိးအရာရှိ ဦးမျိုးနိုင်က ပြောသည်။

ပြိုင်ပွဲတွင် ပွဲစဉ် (၁၇)ပွဲပါဝင်ပြီး တစ်ပတ်လျှင် တစ်မြို့နူန်းဖြင့် အပတ်စဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆိုသည်။

ငြိမ်းချမ်းရေးဂီတပြိုင်ပွဲ၌ နောက်ဆုံး(၁၀)ယောက်အဆင့်တွင် ပရိတ်သတ်များ၏ မဲပေးမှုနှင့် ဒိုင်များ၏ အဆုံးအဖြတ်ကို ပေါင်းပြီး ရွေးချယ်သွားဖို့ စီစဉ်ထားကြောင်း မြန်မာပရိုအဖွဲ့မှ ဒုဥက္ကဌ ဦးမြင့်မိုးအောင်က ပြောသည်။ မဲပေးရာမှာတွင်မျှတမှုရှိစေရန် ဆက်သွယ်ရေးအော်ပရေတာအားလုံးဖြင့် မဲပေးနိုင်ဖို့အတွက် စီစဉ်ထားပြီး ဆင်းကဒ်တစ်ခုကို မဲတစ်ကြိမ် ပေးနိုင်မည်။

"တစ်ထောင့်တစ်နေရာကနေပြီးတော့ အဆိုတော်အနေနဲ့ရော ဒိုင်အနေနဲ့ရော ဒီထဲမှာပါဝင်ပြီးတော့ Peace Awarenessကို လူငယ်တွေကို ပေးချင်တာ မြန်မာ့အသံနဲ့ အတူလက်တွဲပြီးတော့ပေါ့နော် ဒီPeaceက လူကြီးတွေပဲလုပ်နေလို့ တိုင်းပြည်ထဲမှာ ငြိမ်းချမ်းနေတဲ့နေရာတွေက စိတ်မဝင်စားဘူး ဒါအမှန်ပြောတာလေ ကိုယ်မဖြစ်သေးရင်တော့ စိတ်မဝင်စားဘူး သို့သော်လည်း   ဖြစ်တဲ့လူတိုင်းက တော်တော်လေးကိုဖြစ်နေတယ်လို့ကြားပါတယ် သို့သော်လည်းဒီလိုမျိုးလေးနဲ့ Careလုပ်တယ်ပေါ့နော် ဂရုစိုက်တယ်ပေါ့နော် စစ်တွေပေးနေရတယ် စစ်ပွဲမှာပါဝင်တဲ့လူတွေ ဒုက္ခရောက်နေတဲ့သူတွေအတွက်ကို ကျန်တဲ့လူထုကလည်း စိတ်ဝင်စားတယ် မေတ္တာထားတယ်ဆိုတာလေး အန်တီတို့က ပြချင်တာလေ" ဟု ငြိမ်းချမ်းရေးဂီတပွဲတော်တွင် ဒိုင်နှင့် အဆိုတော်အဖြစ် ပါဝင်မည့် ဒေါ်နွဲ့ယဉ်ဝင်းက ပြောပြသည်။

စပွန်ဆာများအနေဖြင့် စကိုင်းနက်၊ Channel 7၊ MRTV 4 MITV တို့မှ မီဒီယာစပွန်ဆာ အဖြစ်ကူညီပေးထားပြီး ပရီမီယာကော်ဖီမှ ငွေကျပ်သိန်း၅ထောင်ကူညီကာ ဒိုင်းမွန်းစပွန်ဆာအဖြစ် ပံ့ပိုးပေးထားသည်။ ရွှေစင်စြင်္ကာနှင့် ဉာဏ်ဉာဏ်(လှည်းတန်း)၊တို့မှ တခြားသောလိုအပ်သည်များကို ကူညီပံ့ပိုးပေးထားသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်များအား နိုင်ငံတော်ဘတ်ဂျက်ထဲမှ သုံးဆွဲသွားမည် ဖြစ်သည်။ ဆုပေးစရိတ်၊ စားသောက်စားရိတ်၊ သွားလာသည့် ကုန်ကျစရိတ်များကို စပွန်ဆာများဆီမှ ဘတ်ဂျက်ဖြင့် သုံးစွဲသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly