ကြို့ပင်ကောက်မြို့ အမျိုးသမီးတစ်ဦးနေအိမ်မှ ဆေးခြောက်များ ဖမ်းဆီးရမိ

ကြို့ပင်ကောက်မြို့ အမျိုးသမီးတစ်ဦးနေအိမ်မှ ဆေးခြောက်များ ဖမ်းဆီးရမိ

ဇွန် ၂၄၊ ကြို့ပင်ကောက် ။           ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက နေအိမ်တစ်လုံး အား ရဲတပ်ဖွဲ့က သတင်းအရ နေအိမ်တစ်ခုအား ဝင်ရောက်ရှာဖွေရာ ဆေးခြောက် ၄၅ ကျပ်သား ဖမ်းဆီးခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုနေ့မနက် ၈ နာရီခွဲအချိန်က ကြို့ပင်ကောက်မြို့ရွာမမြောက်ရပ်ကွက် အမှတ် (၆၃) သစ်စက်ဝန်းနေ အသက် (၃၇) နှစ် အရွယ် မမြင့်မြင့်ခိုင် (ခ) မချစ်ဝိုင်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာမှ ယခုကဲ့သို့တွေ့ရှိခြင်းဖြစ်သည်။

နေအိမ်အတွင်း သံသေတ္တာထဲတွင် ဆေးခြောက်ဟု ယူဆရသော စိမ်းညိုရောင်အရွက်ခြောက် စုစုပေါင်း (၄၅) ကျပ်သားခန့် (၇၃၄.၈၅)ဂရမ် ကာလတန်ဘိုး (၁၆၁၆၆၇)ကျပ် နှင့် ၎င်းသေတ္တာအတွင်းမှ   ငွေစက္ကူရော(၃၄၀၀၀၀) ကျပ် သုံးသိန်းလေးသောင်းကျပ် အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆေးခြောက်ဟုယူဆရသော စိမ်းညိုရောင် အရွက်ခြောက်အား လက်ဝယ်ထားရှိ သူ မမြင့်မြင့်ခိုင် (ခ)မချစ်ဝိုင်းအား ဖမ်းဆီးကာ ကြို့ပင်ကောက်မြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၇ ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly