မြန်မာရေဘေးအတွက် နိုင်ငံတကာအကူအညီများ သူရဦးရွှေမန်း တင်ပြတောင်းခံ

မြန်မာရေဘေးအတွက် နိုင်ငံတကာအကူအညီများ သူရဦးရွှေမန်း တင်ပြတောင်းခံ

သြဂုတ် ၄ ရက် ။          ။ မြန်မာနိုင်ငံတွင် ယခင်က မကြုံဖူးသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများအား အသက်အန္တရာယ်မှ ကယ်တင်နိုင်ရန်နှင့် ရေဘေးကျရောက်ရန် အလားအလာရှိနေသေးသည့်ဒေသများတွင် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ၏ အကူအညီများလိုအပ်ကြောင်း သူရဦးရွှေမန်းက သြဂုတ် ၄ ရက်စွဲဖြင့် စာထုတ်ထားသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတဝှမ်းရှိ မိတ်ဆွေနိုင်ငံများမှ အကူအညီများပေးလျက်ရှိသည့်အပေါ် များစွာကျေးဇူးတင်ရှိသည်ဟု လည်းပြည်ထောင်စု လွှတ်တော်နာယကနှင့်ပြည်သူ့ လွှတ်တော် ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက သူ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့များ၊ NGO များ၊ INGO များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးကြရန်လည်း တိုက်တွန်း ထားသေးသည်။

အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပြည်သူများအတွက်လိုအပ်သည့် သတင်းအချက်အလက်များအား ထုတ်လွှင့်တင်ပြပေးနေသည့် ပြည်တွင်းပြည်ပရှိ မီဒီယာများ၊ 'လူအများစုရုံးကာ ဝိုင်းဝန်းတောင်းဆိုနိုင်မည့် အကူအညီ တောင်းခံစာ အစီအစဉ်' တစ်ရပ်ကို အင်တာနက်စာမျက်နှာမှ လွှင့်တင်ပေးသည့် အမေရိကန်အစိုးရ၏ အိမ်ဖြူတော် တို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

"မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေဘေးအန္တရာယ်များသည် လွန်စွာကြီးမားကျယ်ပြန့်သည်ဖြစ်ရာ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းသွားရန်လိုအပ်သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီ များလိုအပ်ပါကြောင်း တင်ပြတောင်းခံအပ်ပါတယ်။" ဟု နိဂုံးချုပ် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags