မော်ရီစီယို ပယ်လီဂရီနိုကို ဆောက်သမ်တန်အသင်း နည်းပြခန့်

မော်ရီစီယို ပယ်လီဂရီနိုကို ဆောက်သမ်တန်အသင်း နည်းပြခန့်

ဇွန် ၂၄၊ ဆောက်သမ်တန်။             ။ ဆောက်သမ်တန်အသင်းသည် မော်ရီစီယို ပယ်လီဂရီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။ အသက် ၄၅ နှစ်ရှိ အာဂျင်တိုင်းသည် ယခုလအစောပိုင်းတွင် တစ်ရာသီသာ ကိုင်တွယ်ပြီး ရာထူးမှထုတ်ခံရသည့် ကလော့ပွဲနေရာ၌ အစားထိုး ခန့်အပ်ခံရခြင်းဖြစ်သည်။

ပယ်လီဂရီနိုသည် အလာဗက်စ်အသင်းကိုတန်းတက်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့ပြီး ယမန်နှစ်ရာသီတွင် စပိန်လာလီဂါ အဆင့် ၉ ရစေခဲ့ကာ စပိန်ဖလားဖိုင်နယ်တွင် ဘာစီလိုနာကို ရှုံးပြီးနောက် မေလနှောင်းပိုင်းတွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

“ကျွန်တော့် ဒဿနနဲ့ အသင်းရဲ့ပုံစံက ကောင်းကောင်းအလုပ်ဖြစ်ပါလိမ့်မယ်။ ပွဲတွေကို အနိုင်ရချင်တယ်။ လူတိုင်းက ရာနှုန်းပြည့် ပေးဆပ်ပြီး တစ်ယောက်နဲ့တစ်ယောက်   ဖေးကူကြတဲ့အခါမှာ   အောင်မြင်လာပြီး အသင်းစိတ်ဓါတ်လည်းတိုးတက်လာလိမ့်မယ်။ လက်ထဲမှာဆုပ်ကိုင်ထားတဲ့အနာဂါတ်အတွက် စိတ်လှုပ်ရှားတက်ကြွနေပြီ”ဟု ပယ်လီဂရီနိုက သုံးနှစ်စာချုပ်အပြီးတွင် ပြောသည်။

ဆောက်သမ်တန်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၁၆ ပွဲရှုံးနိမ့်ခဲ့ပြီး အဆင့် ၈ ရခဲ့သကဲ့သို့ ၂၀၀၃ နောက်ပိုင်း ပထမဆုံးအဓိကဆုဖလားဖိုင်နယ်အဖြစ် EFL ဖလား ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly