ပေကျင်း၊ ဇွန် ၂၄ ။ ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားရာ လူပေါင်း ၁၀၀ ကျော်ထက်မနည်း မြေအောက်ပိမိနေသည် စိုးရိမ်ရကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြသည်။
တောင်ပြိုမှုဖြစ်ပွားပြီးနောက် မော်ကျိအန်း စီရင်စု ရှင်မိုကျေးရွာတွင် အိမ်ခြေပေါင်း ၄၀ နီးပါး ပျက်စီးဆုံးရှုံးသည်။
ပျောက်ဆုံးသူများကို ပြန်လည်ရှာတွေ့နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို လက်ရှိဆောင်ရွက်နေဆဲဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်ဖြင့် ဆက်လက်လုပ်ဆောင်နေရာ ဘူဒိုဇာများက မြေများကို ထိုးကော်ဖယ်ရှားကာ ရှင်းလင်းဆောင်ရွက်နေပုံများအား People’s Daily သတင်းစာတွင် ဓာတ်ပုံများ မြင်တွေ့ရသည်။
မြေပြိုမှုကြောင့် ၁ ဒဿမ ၂ မိုင် အကွာအဝေးအထိ ပိတ်ဆို့မှုဖြစ်နေကြောင်း တာဝန်ရှိသူများကို ကိုးကားလျက် ဆင်ဟွာသတင်းက ဖော်ပြသည်။