ပါကစ္စတန်တွင် မွတ်စလင်ဥပုသ်က ထွက်လာသည့် ရဲလေးဦးကို ဆိုင်ကယ်ပေါ်မှ သေနတ်သမားများ ပစ်သတ်

ပါကစ္စတန်တွင် မွတ်စလင်ဥပုသ်က ထွက်လာသည့် ရဲလေးဦးကို ဆိုင်ကယ်ပေါ်မှ သေနတ်သမားများ ပစ်သတ်

ကရာချိ၊ ဇွန် ၂၄ ။           ။ ပါကစ္စတန်နိုင်ငံ ကွစ်တာနှင့် ပရာချင်နာအရပ်တို့တွင် အသေခံတိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၇ ဦး သေဆုံးသည်ဟု စာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း ကရာချိမြို့တော်တွင် ဇွန် ၂၃ ရက်က မွတ်စလင်ရာမာဇန်ဥပုသ်အထွက် စားသောက်ဆိုင်တွင် အစားစားနေသည့် ရဲလေးဦးကို ဆိုင်ကယ်ပေါ်မှ သေနတ်သမားများက ပစ်သတ်သွားခဲ့သည်။

အခင်းဖြစ်ရာတွင် ယခုအချိန်အထိ မည်သည့်ကွင်းဆက်မှ မသိရသေးသော အန်ဆာ အယ် ရှာရီယာ ပါကစ္စတန်ဆိုသည့် စစ်သွေးကြွအဖွဲ့၏ လက်ကမ်းစာစောင်များကို တွေ့ရှိရပြီး ယင်းအဖွဲ့က ယခုတိုက်ခိုက်မှုကို ကျုးလွန်သည် ကောက်ချက်ချကာ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

“ရဲလေးဦးက လမ်းဘေးစားသောက်ဆိုင်မှာ ဥပုသ်အထွက် အစားစားနေချိန်မှာ ပစ်သတ်ခံရတာပါ။ သိပ်မဝေးတဲ့ အကွာအဝေးကနေ လေးယောက်စလုံး ခေါင်းကို ပစ်သွားတာ ခံရတာဖြစ်ပါတယ်။ နေရာမှာပဲ သေဆုံးခဲ့ကြတာပါ။”ဟု ခရိုင်တာဝန်ရှိသူ နာဆားအက်ဖ်တက်ဘ်က ပြောသည်။

ပစ်သတ်သွားသူများက ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ သေဆုံးရဲများ၏ ရုပ်အလောင်းများကို ဆေးမှုခင်းလုပ်ထုံးလုပ်နည်းအရ စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags