ပုဂံမြို့​ဟောင်​းရှိ ဘုတ်​​ကျောင်​းအား NGO ရုံး ငှားရမ်​းထားမှုအ​ပေါ် ​ဒေသခံများ ကန်​့ကွက်​

ပုဂံမြို့​ဟောင်​းရှိ ဘုတ်​​ကျောင်​းအား NGO ရုံး ငှားရမ်​းထားမှုအ​ပေါ် ​ဒေသခံများ ကန်​့ကွက်​

ပုဂံ၊ ဇွန် ၂၃ ။           ။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းအတွင်းရှိ ဘုတ်ကျောင်းအမည်ရ စာသင်းကျောင်းဟောင်း အဆောက်အဦအား JICAအမည်ရှိ NGO တစ်ခု၏ ရုံးအဖြစ် ငှားရမ်းခဲ့မှုအပေါ် ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၂၃ရက်နေ့ ပုဂံမြို့မှာ ပြုလုပ်ခဲ့သည်။

ကျွန်တော်တို့အနေနဲ့ ခုလက်ရှိ JICAက လုပ်ဆောင်နေတဲ့ ပုဂံဒေသ ခရီးသွားသတင်းအချက်အလက်စင်တာကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ တကယ့်သမိုင်းဝင် ဘုတ်ကျောင်းမှာ မလုပ်စေချင်လို့ ကန့် ကွက် နေရတာပါ။ ဘုတ်ကျောင်းမှာမှ မဟုတ်ပါဘူး။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ရှိတဲ့ ယခုလို ကိစ္စရပ်များကိုလည်း မလုပ်ဆောင်စေချင်ပါဘူး။ လုပ်ဆောင်နေမယ်ဆိုလည်း ဆက်လက်ကန့်ကွက်သွားမှာပါ"ဟု ပုဂံဒေသခံ ကိုချစ်ကိုဖြိုးက ဆိုသည်။

အဆိုပါ ဘုတ်ကျောင်းအနေဖြင့် ကိုလိုနီခေတ်က စတင် တည်ရှိခဲ့တာဖြစ်ပြီး လက်ရှိကာလတွင် နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်ပြီး ပုဂံမြို့ဟောင်းမှ လူနေအိမ်များရွှေ့ပြောင်းရစဉ်က ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ခုလက်ရှိ အဆောက်အဦက ဗြိတိသျှလက်ထက်ကတည်းက ရှိခဲ့အဆောက်အဦပါ။ကျွန်တော်တို့ ဘိုးဘွားတွေက အစ စာသင်ကျောင်း သမိုင်းဝင် ဘုတ်ကျောင်းပါ။ လွပ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီနေရာမှာ ခေတ္တခဏရောက်ရှိခဲ့တဲ့ သမိုင်းဝင်အဆောက်အဦလည်း ဖြစ်သလို၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ခေတ္တရောက်ရှိခဲ့တဲ့ သမိုင်းဝင် အဆာက်အဦလည်း ဖြစ်ပါတယ်"ဟု ကိုချစ်ကိုဖြိုးက ဆိုသည်။

ယင်း အဆောက်အဦအား ၂၀၁၂ခုနှစ်က ရှေးဟောင်သုတေသနဌာနမှ ဖြိုဖျက်ရန် ရည်ရွယ်ခဲ့သဖြင့် ပုဂံဒေသခံများအနေဖြင့် ကန့်ကွက်ခဲ့ဖူးသည့် ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly