ဧရာဝတီတိုုင်းရှိ ဖောင်ဒေးရှင်းသို့ လှူထားသည်ဆိုသော ရန်ပုံငွေကိစ္စ စစ်ဆေးရန် ညွှန်ကြားထား

ဧရာဝတီတိုုင်းရှိ ဖောင်ဒေးရှင်းသို့ လှူထားသည်ဆိုသော ရန်ပုံငွေကိစ္စ စစ်ဆေးရန် ညွှန်ကြားထား

ဇွန်၂၃ ။         ။ ကျပ်ငွေ ဘီလီယံခန့်ရှိသော ဧရာဝတီတိုင်းဒေသကြီးရှိ ရန်ပုံငွေကိစ္စအား စစ်ဆေးရန် ပြည်ထောင်စု စာရင်းစစ်ချုပ်မှ ညွန်ကြားထားကြောင်း တိုင်းစာရင်းစစ်ချုပ်က ပြောသည်။

"ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကို နိုင်ငံတော်သမ္မတရုံး တာဝန်ပေးချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ရှိတဲ့ ရန်ပုံငွေတွေ စစ်ဖို့တာဝန်ပေးလာတယ်။ စာရင်းစစ်ချုပ်ရုံးမှ ပြည်နယ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးများမှ စစ်ဖို့ တာဝန်ပေးထားတဲ့စာ ရလာတယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတဲ့ လမ်းညွန်ချက်ခံယူထားတဲ့ လမ်းညွန်ချက်အရ ဆက်လက် ဆောင်ရွက်သွားမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ  ရန်ပုံငွေမှာ ပထမအကြိမ် တိုင်းဒေသကြီးအစိုးရ ဖွဲ့စည်းထူထောင်ထားသည်  ဧရာဝတီဘက်စုံဖွံဖြိုးရေး ဖောင်းဒေရှင်း မှ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်းဒေရှင်းသို့ အလှူငွေအဖြစ်  ၅.၂ ဘီလီယံအား ၂၀၁၆ ခုနှစ်တွင် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“တိုင်းဒေသကြီးအစိုးရအနေနဲ့ဒီငွေကို ပြန်လည်လွဲပြောင်းနိုင်ဖို့အတွက် သမ္မတရုံးကို တင်တယ် သူတို့ရည်ရွယ်ချက် ကောင်းတယ်။ သို့သော် အစိုးရတစ်ရပ်အနေနဲ့ သီးခြားရန်ပုံငွေဆိုတာ ထားလို့မရဘူး။ ကျွန်တော်တို့အစိုးရလက်ထက်မှာ သီးခြားရန်ပုံဆိုတာ ထားခွင့်မရှိပါဘူး၊တကယ်လို သာ သူတို့အနေနဲ့ဒီငွေကိုလက်ခံမယ်ဆိုရင် သီးခြားရန်ပုံငွေထားလိုမရပါဘူး၊ တကယ်လို သူတို့ အနေနဲ့လုပ်ချင်တယ်ဆိုရင် အရင်ဖောင်းဒေရှင်းလိုပဲ သီးခြားဖောင်းဒေရှင်းထောင်ပြီး တိုင်းဒေသကြီးအကျိုးအတွက် လုပ်လို့ရပါတယ်”ဟု ဧရာဝတီပညာကျန်းမာဖောင်းဒေရှင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း နယ်လုံဝန်ကြီးဟောင်းက ရန်ပုံငွေကိစ္စအား ပြောသည်။

အဆိုပါရန်ပုံငွေအား  လွှဲမပေးကြောင်း ပြောကြားချက်သည် လွဲမှားနေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းကိုကိုက မဇ္ဈိမသို့ပြောသည်။

“ ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ယခင်အစိုးရမှာ အစိုးရအဖွဲ့ငွေတွေကို စုဆောင်းထားပြီး နောက်အစိုးရအဖွဲ့ကို လွှဲမပေးသွားဘူးဆိုတဲ့ပြောဆိုချက်တွေဟာ နည်းနည်းလွဲနေတယ်လို့  ကျွန်တော်အနေနဲ့တင်ပြခြင်းပါတယ်။ မီဒီယာတွေအပေါ်က ကြည့်တာပေါ့ ။ ၅ ဘီလီယံနဲ့ ၇ဘီလီယံကြားရှိလိမ့်မယ်ဆိုပြီး ဘယ်အပေါ်မှာ မူတည်ပြီးပြောလည်း မသိဘူး၊အရင် အစိုးရလက်ထက်မှာ ဖောင်းဒေရှင်းတစ်ခုရှိခဲ့တယ် နာမည်က ဧရာဝတီဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း တရားဝင်ဖွဲ့စည်းခဲ့တယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ပြောသည်။

“ ဒီ ငွေကြေးတွေကလည်း ဧရာဝတီဘက်စုံဖွံဖြိုးရေးဖောင်းဒေရှင်းကဲ့သို့ဆောင်ရွက်နိုင်တယ် ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်းဒေရှင်းကို လှူဒါန်းမယ်ဆိုပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့အညီ နောက်ဖောင်းဒေရှင်းကို လွဲပြောင်းပေးခဲ့တယ်၊ တစ်ခုပြောစရာရှိတယ် ကျွန်တော်တို့ဒီအစိုးရကို ဘာလို့မလှူလဲ။  အစိုးရကို လှူရမယ် ဆိုရင် အစိုးရဘဏ္ဍာငွေကြေးတစ်ခုမှ မပါလို့အစိုးကို မပေးခဲ့ခြင်း၊  မလှူဒါန်းခဲ့ခြင်း၊ မလွဲှခဲ့ခြင်းဖြစ်တယ် ”ဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဆက်လက်ပြောကြားသည်။

အဆိုပါရန်ပုံငွေမှာ တင်ဒါစိတ်ဝင်စားကြေးများ၊ ပြင်ပမှ အလှူဒါန်းထားသည်များရှိကြောင်း ကြားသိထားရသည်ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

"ကျွန်တော်တို့ သတင်းကြားသိသလောက် တင်ဒါတွေ၊ အလှူငွေသီးသန့် ကုမ္ပဏီတွေက လှူတာရှိတဲ့ သိန်းပေါင်းသုံးသောင်းနဲ့ ခုနှစ်သောင်းကြားရှိတယ်၊ကျွန်တော်တို့ လွှတ်တော်က အစတည်းက လုပ်ခဲ့တာပါ၊အကြောင်းကြောင့် ဆိုင်းငံထားတာတွေ ဖြစ်ခဲ့တယ်။ ဘယ်လိုအနေအထားဆိုတာ စစ်ပြီးမှသိမှာပါ။ သတင်းရသလောက် အကြွေးဆုံးတာတွေရှိတယ်၊   ပြန်ငွေမဝင်တာတွေရှိတယ်။   ပြည်သူအတွက် ဘယ်လောက်ထွက်လာမလဲ”ဟု ယင်းရန်ပုံငွေနဲ့ပတ်သက်ပြီး ပြောသည်။

ဧရာဝတီဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်းဒေရှင် စတင်ထည်ထောင်ချိန်မှာ ဖျက်သိမ်းအချိန်ထိ အလှူရရှိငွေ ၅.၇ဘီလီယံကျော်ရှိပြီး၊ အတိုးရငွေ ဝ.၄ ဘီလီယံရှိပြီး စုစုပေါင်း ၆.၁ဘီလီယံခန့်ရှိေြ့ာင်း သိရသည်။ ဒေသဖွံဖြိုးရေးအတွက် ၂.၂ဘီလီယံခန့်ရှိပြီး  အကျိုးတူထည့်ဝင်ထားသော ငွေမှာ ၁.၄ဘီလီယံ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ ငွေကြေးနှင့် အကျိုးတူလုပ်ငန်းများပါ ပေးအပ်ခဲ့ပြီး တန်ဖိုး စုစုပေါင်း ၅.၂ဘီလီယံခန့် ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်းဦးဝင်းကိုကိုက ပြောထားသည်။

အဆိုပါ ပထမအကြိမ်တိုင်းအစိုးရ၏ ဖောာင်ဒေးရှင်းတစ်ခုမှ တစ်ခုသို့ လှူဒါန်းခဲ့သော ရန်ပုံငွေမှာ ၈ဘီလီယံလောက်အထိရှိကြောင်းနှင့် ရန်ပုံငွေအား တင်ဒါစိတ်ဝင်စားကြေးများ ၊ကုမ္ပဏီများ တစ်ရာ ရာနှုန်း သီးသန့်အလှူရှင်များ၊ အလှူငွေများမှ ဖြစ်ကြောင်း ပြောဆိုထားသည်။

ရန်ပုံငွေ နှင့် ပတ်သက်သည့်မေးခွန်းအား ဖျာပုံမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး ပထမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly