ခွေးချေးတုံးပုံစံ ကိတ်မုန့် ထိုင်းတွင် လူကြိုက်များနေ

ခွေးချေးတုံးပုံစံ ကိတ်မုန့် ထိုင်းတွင် လူကြိုက်များနေ

ဇွန် ၂၃ ။                 ။ အစားအစာမုန့်ပဲသရေစာတွေကို မစင်တုံးပုံစံနဲ့ တွေ့ရမယ်ဆိုရင် ချက်ချင်းအော့အန်ချင်လောက်အောင် ရွံရှာမိမှာအမှန်ဖြစ်ပေမယ့် ထိုင်းနိုင်ငံက မုန့်လုပ်ရောင်းသူတစ်ဦး ဖန်တီးလိုက်တဲ့ ခွေးချေးတုံး ပုံစံ ကိတ်မုန့်တွေကိုတော့ မှာယူသူ များပြားပြီး လူကြိုက်များနေတယ်လို့ သိရပါတယ်။

" ဒါက ထူးတော့ ထူးဆန်းပါတယ်၊ ဘယ်သူကမှ ဒီလိုမျိုး ခွေးချေးပုံစံ မုန့်မျိုး လုပ်ရောင်းမှာမဟုတ်ဘူးလေ၊ ခု ဒီလိုလုပ်ရောင်းတော့လည်း လူတွေကြိုက်ကြတာပဲ" လို့ ဘန်ကောက်မြို့က ယင်းကိတ်မုန့်မုန့်လုပ်ရောင်းသူ အမျိုးသမီး Wilaiwan Mee-Nguen က ပြောပါတယ်။

သူမဟာ ယခုဆိုရင် အုန်းနို့နဲ့ အခြားပါဝင်ပစ္စည်းတွေသုံးပြီး တမူထူးခြားတဲ့ မုန့်တွေကို ဖန်တီးရောင်းချပေးနေသူလည်း ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် Wilaiwan ဟာ ခုလိုမျိုး သကြားပါ အချို့မုန့် တွေကို ရောင်းကောင်းအောင်လို့ဆိုပြီး ယခင်ကလည်း ပုံစံအမျိုးမျိုး စမ်းကြည့်ခဲ့ပါသေးတယ်လို့ ဆိုပါတယ်။

ဖောက်သည်တစ်ဦးက သူများနဲ့မတူတဲ့ ပုံစံလုပ်ကြည့်ပါလားလို့ တောင်းဆိုခဲ့လို့ ခုလို ပုံစံ လုပ်ရောင်းခဲ့တာဖြစ်တယ်လို့လည်း Wilaiwan က ပြောပါတယ်။

" စားသုံးသူတွေက ထူးထူးဆန်းဆန်းဆိုလို့ အများဆုံး ပန်းပွင့်ပုံ မုန့်တွေကိုပဲ မြင်ဖူးထားကြတာလေ၊ ခုဟာက ရယ်စရာတော့ဖြစ်နေတာပေါ့" လို့လည်း ၎င်းက ပြောပါတယ်။

ယခုလက်ရှိအချိန်မှာတော့ ယင်း ခွေးချေးတုံးပုံ ကိတ်မုန့် ဟာ သူမဆိုင်အတွက်တော့ နာမည်ကျော် မုန့်တစ်မျိုး ဖြစ်လာနေပြီး တစ်လကို ယင်းချေးတုံးပုံ ကိတ်မုန့်အခုပေါင်း  ၁၀၀၀ လောက် ရောင်းနေရပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly