သရဲကားတစ်ကားတွင် ဟွမ်ဘင်းနှင့်အတူ သရုပ်ဆောင်မည်ဆိုသော သတင်းများကို ဆူဇီငြင်းဆို

သရဲကားတစ်ကားတွင် ဟွမ်ဘင်းနှင့်အတူ သရုပ်ဆောင်မည်ဆိုသော သတင်းများကို ဆူဇီငြင်းဆို

အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ဆူဇီသည် Rampant ဟု ယာယီအမည်ပေးထားသော သရဲကားတစ်ကား တွင် မင်းသားဟွမ်ဘင်းနှင့်အတူ တွဲဖက်သရုပ်ဆောင်မည်ဆိုသော သတင်းများကို မကြာသေးခင်ကမှ ငြင်းဆန် ခဲ့သည်။

ဇွန်လ ၂၃ရက်နေ့တွင် JYP Entertainment မှ “ ဆူဇီရဲ့ အနုပညာလုပ်ငန်း အစီစဉ်ဇယားမှာ Rampant ရုပ်ရှင် ဇာတ်ကားကို ထည့်ဖို့ နေရာလွတ်မရှိတော့ပါဘူး။ ဇာတ်ကားအတွက် အချိန်မပေးနိုင်တာကြောင့် သူမ ပါဝင် သရုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။

သတင်းဌာနတစ်ခုသည် မကြာသေးခင်ကမှ အဆိုပါ ဇာတ်ကားအတွက် လျာထားသည့် ခေါင်းဆောင်မင်းသမီး စာရင်းထဲ၌ ဆူဇီ၏ နာမည်သည် ထိပ်ဆုံးမှ ပါဝင်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သောကြောင့် ယခုလို ငြင်းဆန်ခဲ့ ခြင်းဖြစ်သည်။

Rampant ဟု ယာယီအမည်ပေးထားသော အဆိုပါ ရုပ်ရှင်သည် အက်ရှင်အမျိုးအစားဖြစ်ပြီး ညဘက်တွင် အမြဲ လိုလို ထကြွနေသည့် သရဲတစ်ကောင်ကို လူအများက ဖယ်ရှားရန်ကြိုးပမ်းသည့် ဇာတ်အိမ်တစ်ခုဖြစ်သည်။ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကင်မ်ဆန်ဟွန်းက ရိုက်ကူးမည်ဖြစ်ပြီး ဟွမ်ဘင်းက ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ရန် အတည်ပြုခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly