အိမ်ဖြူတော်အား ဂျာမနီက နှစ်ရှည်ထောက်လှမ်းနေခဲ့ဟု ဆို

အိမ်ဖြူတော်အား ဂျာမနီက နှစ်ရှည်ထောက်လှမ်းနေခဲ့ဟု ဆို

ဘာလင်၊ ဇွန် ၂၂ ။          ။ အမေရိကန်နိုင်ငံ၏ အိမ်ဖြူတော် အပါအဝင် တာဝန်ရှိအရာရှိများနှင့် စီးပွားရေးသမား အများအပြားကို ဂျာမနီ ပြည်ပထောက်လှမ်းရေးအေဂျင်စီက   ရေရှည်ထောက်လှမ်းနေခဲ့ကြောင်း  Spiegel အပတ်စဉ်မဂ္ဂဇင်းက ဇွန် ၂၂ ရက်တွင် ဖော်ပြသည်။

ဂျာမနီပြည်ပထောက်လှမ်းရေးအဖွဲ့ BND ၏ ၁၉၉၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စောင့်ကြည့်ခံစာရင်း ၄၀၀၀ နီးပါးကို ဖော်ပြထားသည့် မှတ်တမ်းများအား မဂ္ဂဇင်းက တွေ့ရှိလိုက်ရကြောင်း ဆိုသည်။

အဆိုပါ စောင့်ကြည့်စာရင်းတွင် အိမ်ဖြူတော်မှ တယ်လီဖုန်းနှင့် ဖက်စ်တို့အပြင် အီးမေးလ်လိပ်စာများနှင့် အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများလည်း ပါဝင်သည်။

အခြား စောင့်ကြည့်ထောက်လှမ်းသည်မှာ အမေရိကန်လေတပ် သို့မဟုတ် မရိန်းကော်ပိုရေးရှင်း အပါအဝင် စစ်ရေးဆိုင်ရာအဖွဲ့အစည်းများအပြင် နာဆာမှသည် အရပ်ဖက်အဖွဲ့အစည်းဖြစ်သော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့လည်း ပါဝင်နေသည်။

အမေရိကန်သံရုံး ရာပေါင်းများစွာ နည်းတူ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကဲ့သို့သော နိုင်ငံတကာအဖွဲ့များမှာလည်း ဂျာမနီ၏ သူလျှိုစက်ကွင်းက မလွတ်ခဲ့ကြောင်း Spiegel မဂ္ဂဇင်းက ဖော်ပြသည်။

BND အဖွဲ့ကမူ မဂ္ဂဇင်း၏ ဖော်ပြချက်ကို ထင်မြင်ချက်ပေးရန် ငြင်းဆန်ထားသည်။

၂၀၁၃ ခုနှစ်အတွင်း၌ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA မှ ကန်ထရိုက်တာဟောင်း အက်ဝပ်စနိုးဒန်းက ဖော်ကောင်လုပ် သတင်းများ ဖွင့်ချခဲ့ရာတွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ မိုဘိုင်းဖုန်းအပါအဝင် ကမ္ဘာအနှံ့ထောက်လှမ်းစောင့်ကြည့်မှုများကို အမေရိကန်က လုပ်ဆောင်ခဲ့သည်ဆိုခြင်းကြောင့် ဂျာမနီက ဒေါသအမျက်ဖြင့် တုံ့ပြန်ထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly