Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းအချို့ ထပ်မံဆယ်ယူရရှိခဲ့

Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းအချို့ ထပ်မံဆယ်ယူရရှိခဲ့
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန်လ ၂၂ရက် ။             ။ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းအချို့ ထပ်မံဆယ်ယူရရှိကြောင်း သိရပြီး လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့သည့်နေရာအနီး တစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေများက ဇွန် ၂၀ ရက်တွင် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့်ဖမ်းယူရရှိသည့် ပုံရိပ်များအပေါ်မူတည်၍ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲ ရှာဖွေရာ လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်း ၃ ခုကို ဆယ်ယူရရှိခဲ့ပြီး ဇွန်လ ၂၁ရက် နံနက်ပိုင်းတွင်လည်း လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်း ၆ ခုအား ထပ်မံဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစိတ်အပိုင်းများ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ကျန်ရှိနေသည့် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly