ရေဘေးသင့်ပြည်သူများ အတွက် အခမဲ့ ပဒေသာ ကပွဲ ကျင်းပပြုလုပ်မည်

ရေဘေးသင့်ပြည်သူများ အတွက် အခမဲ့ ပဒေသာ ကပွဲ ကျင်းပပြုလုပ်မည်

ရန်ကုန် ၊ သြဂုတ် ၄ ။     ။ ရေဘေးသင့် ပြည်သူများကို ကူညီရန်အတွက် ရုပ်ရှင် နှင့် ဂီတ လောကသားများ ပူးပေါင်း ရန်ပုံငွေ ရှာဖွေပွဲ ပဒေသာကပွဲကို သြဂုတ် ၁၂ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ဝင်ကြေး အခမဲ့ ဖြင့် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

ထို ပဒေသာကပွဲကို Bo Bo Entertainment ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၊ မေတ္တာသင်္ဂဟအဖွဲ့ ၊ Story book Entertainment ၊ Home Entertainment ၊ Sky net ၊ Shwe FM တို့မှ ပူးပေါင်း ဦးစီး ကျင်းပခြင်းဖြစ်ပြီး ရေဘေးသင့် ပြည်သူများ အတွက်  အလှုငွေ ကောက်ခံခြင်းဖြင့် ရံပုံငွေ ရှာဖွေခြင်းဖြစ်သည်။

ပဒေသာ ကပွဲတွင် အနုပညာရှင်များ အနေဖြင့် ဦးအောင်လွင် ၊ ဇင်ဝိုင်း ၊ ဇာဂနာ ၊ ဒါရိုက်တာဝိုင်း ၊ ဆွေဇင်ထိုက် ၊ မေသဉ္ဇာဦး ၊ လူမင်း ၊ ဝေဋ္ဌုကျော် ၊ မင်းမော်ကွန်း ၊ ခန့်စည်သူ ၊ နေတိုး ၊ ပြေတီဦး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း ၊ မိုးအောင်ရင် ၊ မိုးမိုး ၊ မိုးယံဇွန် ၊ မင်းသွေး ၊ အလင်းရောင် ၊ ဒေါင်းလွဏ်း ၊ ခိုင်သင်းကြည် ၊ မေကဗျာ ၊ အေးမြတ်သူ ၊ နန်းစုရတီစိုး ၊ ယုသန္တာတင် ၊ ဝါဆိုမိုးဦး ၊ သဉ္ဇာနွယ်ဝင်း ၊ စံရတီမိုးမြင့် ၊ သီရိရှင်းသန့် ၊ နန်းဆုဦး ၊ ဝင့်ယမုံလှိုင် ၊ စိုးနန္ဒာကျော် ၊ မေမြင့်မိုရ် ၊ ပိုင်ဖြိုးသု ၊ ရွှေသမီး ၊ ရတနာဗို နှင့် အနုပညာ ရှင်များစွာ ပါဝင် ဖျော် ဖြေ ကြမည် ဖြစ်သည်။

အဆိုတော်များ ဖြစ်သည့် စည်သူလွင် ၊ ဇော်ပိုင် ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဖိုးကာ ၊ လင်းလင်း ၊ Snare ၊ ဟဲလေး ၊ J Me ၊ ရဲလေး ၊ ဝေလ ၊ ယုန်လေး ၊ ဂျောက်ဂျက် ၊ ကျော်ထွဋ်ဆွေ ၊ လွှမ်းပိုင် ၊ ဘန်နီဖြိုး ၊ သားသား ၊ ရဲရင့်အောင် ၊ ထွန်းအိန္ဒြာဗို ၊ ဖြူဖြူကျော်သိန်း ၊ ဝိုင်းစုခိုင်သိန်း ၊ စန္ဒီမြင့်လွင် ၊ ချစ်သုေ၀ ၊ အိမ့်ချစ် ၊ မိစန္ဒီ ၊ ရတနာမိုင် ၊ ဆူဇီ ၊ Bobby Soxer ၊ နီနီခင်ဇော် ၊ Super Model ၊ ဝိုင်းလေး တို့က လည်း သီဆို ဖျော်ဖြေ ကြမည် ဖြစ်သည်။ ယင်းအပြင် မော်ဒယ်နှင့် သရုပ်ဆောင်များစွာကလည်း ပါဝင်ကူညီကြမည် ဖြစ်သည်။

ထိုပွဲမှ ရရှိသည့် အလှူ ငွေများ အားလုံးကို ရေဘေးသင့် နေရာများသို့ သွားရောက် လှူတန်းမည် ဖြစ်ပြီး ထိုပွဲ အတွက် အနုပညာရှင်များ ၊ Sound system ၊ lighting ၊ LED ၊ ရိုက်ကူးရေး တိုက်ရိုက် ထုတ်လွှင့်မူများ ၊ ကျင်းပ ရန် နေရာ အားလုံးသည် မေတ္တာဖြင့် ကူညီ ပံ့ပိုးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly