ဂျော့ကလူးနေးပိုင်ဆိုင်သော မက္ကစီကိုအရက်လုပ်ငန်းကို ဒေါ်လာတစ်ဘီလျံနှင့်ရောင်းချ

ဂျော့ကလူးနေးပိုင်ဆိုင်သော မက္ကစီကိုအရက်လုပ်ငန်းကို ဒေါ်လာတစ်ဘီလျံနှင့်ရောင်းချ

အမေရိကန်မင်းသားဂျော့ကလူးနေးသည် သူငယ်ချင်းဖြစ်သူနှင့်အတူ တွဲဖက်ပိုင်ဆိုင်သော သူ၏ မက္ကစီကို အရက်လုပ်ငန်းကို အရက်ကုမ္ပဏီကြီး Diageo ထံသို့ အမေရိကန်ဒေါ်လာ တစ်ဘီလျံဖြင့် ရောင်းချရန် သဘောတူညီချက် ရရှိခဲ့သည်။

ယခုလအစောပိုင်းတွင် ဇနီးသည်အေမယ်လ်က အမြွှာရင်သွေးလေးနှစ်ဦးကို ဖွားမြင်ပေးခဲ့သောကြောင့် ဝမ်းသာပျော်ရွှင်နေသော ဟောလိဝုဒ်မင်းသားကြီးအတွက် ယခုသဘောတူညီချက်သည် အချိုပေါ်သကာဖုံး သော ကိစ္စတစ်ခုဖြစ်လာခဲ့သည်။

ဂျော့သည် ကာဆာမီဂို့စ်ဟု အမည်ပေးထားသော သူ၏ မက္ကစီကိုအရက်လုပ်ငန်းကို လွန်ခဲ့သော ၂၀၁၃ခုနှစ်က သူငယ်ချင်းဖြစ်သူ ရန်ဒီဂါဘာ၊ မိုက်ခ်မဲလ်ဒ်မန်းတို့နှင့်အတူ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ကာဆာမီဂို့စ်ဟူသောစကားလုံးသည် စပိန်ဘာသာစကားဖြစ်ပြီး မိတ်ဆွေများဂေဟာဟု အဓိပ္ပါယ်ရကာ အစပိုင်းတွင် ထိုလုပ်ငန်းကို မက္ကစီကိုအရက်ကြိုက်နှစ်သက်သော သူတို့အတွက် သီးသန့်ထူထောင်ခဲ့ခြင်းဖြစ် ကြောင်း ပြောခဲ့ကြသည်။

ရင်သွေးလေးနှစ်ဦးကို ပထမဦးဆုံးအကြိမ်ရရှိခဲ့သော ဂျော့ကလူးနေးအတွက် မက္ကစီကိုအရက်ကို သူငယ်ချင်း များနှင့်အတူ သောက်စားပျော်ပါးဖို့ အချိန်မရှိနိုင်တော့ကြောင်း ထင်ကြေးပေးခဲ့ကြသော်လည်း ဂျော့က သူနှင့် သူ၏ မိတ်ဆွေများသည် ကာဆာမီဂို့စ်လုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေဦးမည်ဖြစ်ကြောင်းနှင့် တစ်ညကိုတစ်ခွက်နှစ်ခွက်လောက် ပုံမှန်သောက်ဦးမည်ဖြစ်ကြောင်း CNBC သတင်းဌာနသို့ ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly