တတိယမြောက် ရင်သွေးကို အငှားကိုယ်ဝန်ဖြင့် မွေးဖွားရန် ကင်မ်ကာဒါရှန်းစီစဉ်

တတိယမြောက် ရင်သွေးကို အငှားကိုယ်ဝန်ဖြင့် မွေးဖွားရန် ကင်မ်ကာဒါရှန်းစီစဉ်

ကင်မ်ကာဒါရှန်းနှင့် ကန်ယေးဝက်စ်တို့စုံတွဲသည် မကြာမီတွင် တတိယမြောက်ရင်သွေးလေးတစ်ဦး မွေးဖွားရန် ကြံရွယ်နေကြသော်လည်း ကင်မ်သည် ကိုယ်ဝန်ဆောင်လျှင် အန္တရာယ်များနိုင်သည်ဆိုသော ဆရာဝန်များ၏ အကြံပေးချက်အရ အငှားကိုယ်ဝန်ဖြင့်သာ မွေးဖွားရန် စီစဉ်နေကြသည်။

နာမည်ကြီး သတင်းဌာနများဖြစ်ကြသော People မဂ္ဂဇင်း၊ Enews နှင့် TMZ.com တို့မှ ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ သော သတင်းများအရ ကင်မ်တု့ိစုံတွဲသည် အငှားကိုယ်ဝန်ဆောင်မည့်သူကို အမေရိကန်ဒေါ်လာ ၁၁၃၀၀၀ ခန့် ပေးချေရန် သဘောတူညီခဲ့ကြောင်း သိရသည်။

သို့သော်လည်း အငှားကိုယ်ဝန်ဆောင်မည့်သူသည် ကိုယ်ဝန်လွယ်ထားရပြီလားဆိုတာ တိတိကျကျမဖြစ်သေး ကြောင်း သိရသည်။ ကင်မ်ကာဒါရှန်း၏ ကိုယ်စားလှယ်များကလည်း ထိုကိစ္စနှင့်ပက်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။

အသက် ၃၆နှစ်အရွယ်ရှိ ကင်မ်သည် ရက်ပ်အဆိုတော် ကန်ယေးဝက်စ်နှင့်အတူ ရင်သွေးနှစ်ဦး ထွန်းကားထား ပြီး လွန်ခဲ့သော ၂၀၁၃က ဖွားမြင်ခဲ့သော သမီးလေးနော့သ်နှင့် ၂၀၁၅က မွေးဖွားခဲ့သော သားလေးစိန့်တို့ကို ကိုယ်ဝန်လွယ်ထားခဲ့စဉ်က တွေ့ကြုံခဲ့ရသော အခက်အခဲများကို သူမ၏ "Keeping Up With the Kardashians" ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့ဖူးသည်။

မကြာသေးခင်က ထုတ်လွှင့်ခဲ့သော ရုပ်သံအစီအစဉ်၏ အပိုင်းတစ်ခုတွင်လည်း ကင်မ်ကာဒါရှန်းသည် နောက်ထပ်ရင်သွေးလေးကို အငှားကိုယ်ဝန်ဖြင့်သာ မွေးဖွားရန် စဉ်းစားထားကြောင်း ပြောခဲ့သည်။

ကင်မ်ကာဒါရှန်းသည် သူမ၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ကလေးမွေးဖွားစဉ်က ကြုံတွေ့ခဲ့ရသော အခက်အခဲများ နှင့် များပြားလှသော ခွဲစိတ်ကုသရမှုများ၊ ဆရာဝန်များ၏ အကြံပြုချက်များအကြောင်းကို အသေးစိတ်ဖော်ပြခဲ့ သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly