ရိုမေးနီးယားဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

ရိုမေးနီးယားဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

ဘူခါရက်၊ ဇွန် ၂၂ ။                          ။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရိုမေးနီးယားဝန်ကြီးချုပ်အား သူဦးဆောင်သည့် ပါတီကိုယ်တိုင်က အယုံအကြည်ကင်းမဲ့နေပြီး ရာထူး၌ ဆက်လက်ရှိနေနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ ကာ ဝန်ကြီးချုပ်အဖြစ် ၆လခန့်သာ တာဝန်ထမ်းဆောင်အပြီးတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ရိုမေးနီးယားနိုင်ငံလွှတ်တော်၏ အဆိုအရ ဝန်ကြီးချုပ် ဆိုရင်ဂရင်ဒီနောကို ရာထူးမှထုတ်ပယ်ရန်အတွက် အနည်းဆုံး မဲအရေအတွက် ၂၃၃ မဲခန့် လိုအပ်ပြီး လွှတ်တော်အမတ် ၂၄၁ ဦးက   ဖြုတ်ချရေးအတွက် မဲပေးခဲ့ ကြသောကြောင့် ယခုလို အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ယခုလို အာဏာရပါတီအတွင်း ဖြစ်ပွားနေသည့် ရန်စများကြောင့် ဂရင်ဒီနောသည် ရာထူးမှဖယ်ရှားခံခဲ့ရသလို အကျင့်ပျက်ချစားမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ပါတီအကြီးအကဲဖြစ်သူ လီဗူဒရက်နီယာသည်လည်း ဝန်ကြီးချုပ်ဖြစ်လာမည်မဟုတ်ကြောင်း သိရသည်။

ရိုမေးနီးယားသမ္မတ ကလောက်စ်အိုင်အိုဟန်းနစ်သည် ယခုဆိုလျှင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏ မဟာမိတ်ပါတီဖြစ်သော လစ်ဘရယ်ပါတီတို့မှ အဆိုတင်သွင်းသည့် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရတော့မည် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများကြား ဆွေးနွေးပွဲများကို သူကိုယ်တိုင် ဦးဆောင်ကျင်းပနေ သည်။

ဝန်ကြီးချုပ်ရာထူးအတွက် ရွေးချယ်ခံရသူ ကိုယ်စားလှယ်လောင်းသည် လွှတ်တော်အတွင်း၌ မဲယုံကြည်မှုရရှိရန် စည်းရုံးခွင့် ဆယ်ရက်ရရှိရမည်ဖြစ်ပြီး ထို့နောက်တွင် အစိုးရဝန်ကြီးအဖွဲ့ကို အသစ်ဖွဲ့စည်းနိုင်မည်ဖြစ်ကာ တရားဝင်တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly